{Matupi, Southern Chin State of Myanmar } Bungtla Waterfall is the longest waterfall in Chin State, falls near Matupi, 16 miles away from Matupi. The height of Bungtla waterfall is over 3500 ft and it falls by 9 levels. In Chin State, Bungtla waterfall is one the most famous natural resources. Even though Bungtla is flowing in nine levels it is available one 5 levels to go. The rest 4 levels are almost impossible to reach. None of tourists have been arrived Bungtla Waterfall. We will take you there one day as soon as. http://youtu.be/44dDZ1hkB2o http://www.panoramio.com/photo/46861327
Thank You For Visit မလာလည်ကြတဲ့ကျေးဇူး ကြိုဆိုပါတယ်
ဒီWebsite ကိုအလွတ်တကူနဲ့သွားချင်ရင် Tool Bar ကိုအောက်မှာဒေါင်းပါ
Installလုပ်နည်းမသိသူများ ဒီမှာသွားပါ ကျွှန်တော်ရဲ့ Toolbar မှာMyanmar သီချင်း Radio(APYTZ Radio) ကိုပါတစ်ခါတည်းထဲထားပါတယ်။

အင်တာနက်ပေါ်ပေါက်လာပုံ သမိုင်းကြောင်း

အင်တာနက်ပေါ်ပေါက်လာပုံ သမိုင်းကြောင်း


နိဒါန်း

ကျွန်တော်တို့တတွေ ကွန်ပျူတာချိတ်ဆက်မှုတွေ အကြောင်းမလေ့လာသေးခင်

ကွန်ပျူတာတွေအချင်း ချင်းချိတ်ဆက်လို့ရအောင် ၊ Internet

ဆိုတာကြီးဖြစ်ပေါ်လာအောင်လူသားတွေ ဘယ်လိုဖန်တီးတည်ဆောက်ခဲ့ရတယ်၊ ကြိုးစားခဲ့ရတယ် ဆိုတာသိရအောင်ကျွန်တော် ရှာဖွေရသမျှရေးသားထားပါသည်။

သမိုင်းဆရာ ကြီးဒေါက်တာသန်းထွန်းပြောသလို ပြောရရင်တော့ သမိုင်းသင်တယ်ဆိုတာ

“မအအောင် လူလိမ်မခံရအောင် သင်တာ” အဲဒီလိုပဲ ကွန်ပျုတာချိက်ဆက်မှု

အကြောင်းလေ့လာမည့် လူတစ်ယောက်အတွက် အင်တာနက်ပေါ် ပေါက်လာမှုသမိုင်းကြောင်း

ကိုသိရှိစေရန် ရေးသားခြင်းဖြစ်ပါသည်။

အင်တာနက်ပေါ်ပေါက်လာပုံ သမိုင်းကြောင်း....






(၁)အင်တာနက်မတိုင်မီကာလ
အင်တာနက်ကွန်ရက် မပေါ်ပေါက်သေးမီ ၁၉၅၀ ပြည့်လွန်နှစ် တွေနဲ့ ၁၉၆၀ ပြည့်အစောပိုင်း ကာလ
တွေမှာ ကွန်ရက်ချိတ်ဆက်မှုစနစ်တွေဟာ အကန့်အ သတ်နဲ့ပဲ ရှိနေခဲ့တာကို
တွေ့ရပါသည်။ တချို့ကွန်ရက် တွေမှာ Gateway နဲ့ bridge တွေ ကြားခံအသုံးပြု
ထားကြပေမယ့် ကျယ်ပြန့်မှုမရှိသေးဘဲ အများ အားဖြင့် mainframe ကွန်ပျူတာ
ဗဟိုပြုကွန် ရက်တွေကိုပဲ အသုံးပြုခဲ့ကြပါ သည်။ ဥပမာအားဖြင့် ပြရရင်
ဒီစနစ်ကို ပင်ဆယ်လ်ဗေးနီးယား ပြည်နယ် Pittsburgh နဲ့ အီလီ နွိုက်ပြည်နယ်
Sullivan တို့ရှိ ကွန်ပျူတာတွေကို ချိတ်ဆက်ကာ သုတေသနပညာရှင်တွေ
အလိုအလျောက် သီအိုရမ်သက်သေပြမှုနဲ့ ဉာဏ်ရည်တုစမ်းသပ် မှုတွေ
ပြုလုပ်နိုင်မယ့် Project RAND အတွက် အသုံးပြုခဲ့တာဖြစ်ပါ သည်။ Packet
switching မတူညီ တဲ့ကွန်ရက်တွေ တစ်ခုနဲ့ တစ်ခုကြား ချိတ်ဆက်ပေးနိုင်ဖို့
လုပ်ဆောင်တဲ့ ကြိုးပမ်းမှုတွေဟာ ၁၉၆၀ ပြည့်လွန် နှစ်တွေမှာ
အစပြုခဲ့တာဖြစ်ပါသည်။
အင်တာနက် မတိုင်မီအချိန်တုန်းက (mainframe)ဗဟိုကွန်ပျူတာကို
ဗဟိုပြုထားတဲ့ကွန်ရက်စနစ်အ ငယ်စားတွေသာ ရှိခဲ့ပြီး ၁၉၆၀
ပြည့်လွန်နှစ်တွေမှာ ကွန်ပျူတာသုတေသနပညာရှင်တွေဖြစ်ကြတဲ့ Levi C. Finch နဲ့ Robert .W. Taylor တို့ အပါအ၀င် ပညာရှင်အတော်များများကနေ Packet
Switching လို့ခေါ်တဲ့ စနစ်တစ်ရပ်ကို အကောင်အထည်ဖော်ကာ တစ်စစီပြန့်ကြဲနေတဲ့
ကွန်ရက်တွေကို ချိတ်ဆက်မှုပြုနိုင်ဖို့ ကြိုး စားခဲ့ကြပါတယ်။ ၁၉၈၀
ပြည့်လွန်နှစ်တွေမှာ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီ (ISP) တွေပေါ်ပေါက်
လာခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေအရောက်မှာတော့ အင်တာနက်က ယဉ်ကျေးမှုနဲ့
စီးပွားရေးနယ်ပယ်တွေ အထိပါ လွှမ်းမိုးခြေဆန့်လာတာကို တွေ့ရပါသည်။
တစ်ကမ္ဘာလုံး လွှမ်းခြုံချိတ် ဆက်ပေးနိုင်မယ့် ကွန်ရက် တစ်ခု အကောင်အထည်ဖော်ဖို့အတွက်
ပထမ ဦးဆုံးသော စိတ်ကူးကို J.C.R Licklider ဆိုသူက စတင်စိတ်
ကူးမိခဲ့တာဖြစ်ပြီး “ကွန်ပျူတာ အများအပြားအား တစ်ကမ္ဘာလုံးအနှံ့
ချိတ်ဆက်ပေးထားနိုင်မည့် wide-band communication line များ အသုံးပြု
လာနိုင်ပါက လက်ရှိစာကြည့်တိုက်များအတိုင်း လိုရာအချက်အလက်များ ကို
အလွယ်တကူရှာဖွေရ ယူရေးအတွက် အသုံးပြု နိုင်မည်ဖြစ်သည့်အပြင်
အခြားသတင်းအချက် အလက်များ သိမ်းဆည်းခြင်းနှင့် ပြန်လည်ရယူ ခြင်းတို့အတွက်
လည်း ပိုမိုအဆင် ပြေလာနိုင်မည်” ဆိုပြီး ၁၉၆၀ ပြည့်နှစ် ဇန်န၀ါရီလတွင်း
ရေးသားခဲ့သော ၎င်း၏ Man-Computer Symbiosis စာတမ်း၌ ရေးသား ဖော်ပြထားတာကို
တွေ့ရပါတယ်။ ပထမဆုံး ARPANET ချိတ် ဆက်မှုကို လော့စ်အိန်ဂျလိစ်ရှိ
ကာလီဖိုးနီးယားတက္ကသိုလ်နဲ့ စတန်းဖို့ဒ်သုတေသနဌာနတို့ အကြား ၁၉၆၉ ခု နှစ်
အောက်တိုဘာလ ၂၉ ရက်နေ့ ည ၁၀ နာရီ မိနစ် ၃၀ မှာ စတင်နိုင်ခဲ့ပြီး ၁၉၆၉
ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ အရောက်မှာ Santa Barbara ရှိ
ကာလီဖိုးနီးယားတက္ကသိုလ် ကိုပါထပ်မံချိတ် ဆက်လာနိုင်ခဲ့ပါသည်။
၁၉၇၈ ခုနှစ်မှာ ဗြိတိသျှစာတိုက် (British Post Office), Western Union
International နဲ့ Tymnet တို့ ပူးပေါင်းပြီး International Packet
Switched Service (IPSS) လို့ခေါ်တဲ့ ပထမဆုံးသော နိုင်ငံတကာ packet switch
ကွန်ရက်တစ်ခုကိုတည်ထောင်ခဲ့ပါတယ်။၁၉၇၉ ခုနှစ်မှာတော့ Compu-Serve ကနေ ပီစီကွန်ပျူတာအသုံးပြုသူတွေအတွက် ပထမဆုံးသော အီလက်ထရောနစ်စာပို့ဝန်ဆောင်မှုကို ပေးနိုင်ခဲ့ပါတယ်။၁၉၈၁ ခုနှစ်ရောက်တဲ့အခါ ဒီကွန်ရက် ဟာဥရောပနဲ့ အမေရိကတို့အပြင် ကနေဒါ၊ ဟောင် ကောင်၊ သြစတြေးလျ၊
စတဲ့နိုင်ငံတွေအထိကျယ်ပြန့်လာခဲ့ ပြီး ၁၉၉၀ ပြည့်နှစ်အရောက်မှာတော့ ကမ္ဘာ လုံးဆိုင် ရာကွန်ရက် ချိတ်ဆက်မှုစနစ်အတွက် အခြေခံဖြစ်လာခဲ့ပါ သည်။
(၂)အင်တာနက်ကွန်ရက်ဆီသို့ အကူးအပြောင်း
ကွန်ရက်စနစ်တွေ ကျယ်ပြန့်လာပေမယ့် အသုံးပြုတဲ့နည်းစနစ်တွေက တစ်ခုနဲ့တစ်ခုကွာခြားတာ
ကြောင့် အားလုံးချိတ်ဆက် အသုံးပြုနိုင်ဖို့ဆိုတာကတော့ မလွယ်ကူသေးပါဘူး။
ဒါကြောင့် DARPA နဲ့ ARPANET က ပညာရှင် Robert E.Kahn နဲ့ Stanford
တက္ကသိုလ်က Vinton တို့ပူးပေါင်းပြီး ကွန် ရက်အား လုံးကို
စုစည်းချိတ်ဆက်ပေးနိုင်မယ့် စနစ်တစ်ရပ်ကို အကောင်အထည်ဖော်ခဲ့ကြပါတယ်။ 1973
ခုနှစ်မှာ ကွဲပြားတဲ့ကွန်ရက်စနစ်တွေအကြား internetwork protocol(IP) ကို
အသုံးပြုခဲ့ကြပါသည်။ ဒီစနစ် ဟာ ကွန်ရက်တွေကို အဓိကမထားတော့ဘဲ host
တွေကိုပဲ အဓိကထားလုပ်ဆောင် ပေးတာဖြစ်ပါသည်။ တစ်နေရာနဲ့
တစ်နေရာချိတ်ဆက်မှုမှာ ကွန်ရက်တွေရဲ့အမျိုးအစားက အဓိကမဟုတ်တော့တာကြောင့်
ဘယ်ကွန်ရက်မျိုးကိုမဆို တစ်ခုနဲ့တစ်ခု
အလွယ်တကူချိတ်ဆက်မှုပြုလာနိုင်ကြပါသည်။ ၁၉၇၄ ခုနှစ်မှာ ပေါ်ပေါက်လာခဲ့ တဲ့ TCP စံညွှန်းဟာ ၁၉၇၈ ခုနှစ် မှာ TCP/IP အဖြစ်ရောက်ရှိလာ ကာ ၁၉၈၁ ခုနှစ်
အရောက်မှာ တော့ သက်ဆိုင်ရာစံညွှန်းအားလုံး ကို စုပေါင်းပြီး RFC 791, 792
နဲ့ 793 တို့အဖြစ် တရားဝင်အတည် ပြု သတ်မှတ်နိုင်ခဲ့ပါသည်။
အင်တာနက်ဆိုတဲ့စကားလုံးကို TCP Protocol နဲ့ ပတ်သက်ပြီး ပထမဆုံးထုတ်ပြန်တဲ့ RFC မှာစတင်
အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ARPANET နဲ့ NSFNet တို့
ချိတ်ဆက်မိတဲ့အချိန်လောက် မှာဖြစ်ပြီး TCP/IP ကို အသုံးပြုထားတဲ့
ကွန်ရက်တွေကို ယေဘုယျ ခေါ်ဆိုသုံးနှုန်းတဲ့စကားလုံး တစ်ခုအဖြစ်
တွင်ကျယ်လာခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းကာလ တွေမှာ Internet နဲ့
Internet-work တို့ကို အပြန်အလှန်ဖလှယ် အသုံးပြုခဲ့ ကြပြီး Xerox Network
Services လိုမျိုး ကွန်ရက် စနစ်တွေကိုတော့ Internet protocol လို့
ခေါ်ဆိုကြပါ တယ်။ ကွန်ရက်ချိတ်ဆက်အသုံးပြုမှု နဲ့ ပတ်သက်ပြီး လူအများက စိတ်
ဝင်တစားရှိလာကြတဲ့အပြင် application အသစ်တွေလည်း ပေါ်ထွက်လာခဲ့တာကြောင့်
အင်တာနက် နည်းပညာဟာ တစ်ကမ္ဘာလုံး ပျံ့နှံ့လာခဲ့ပါတယ်။ TCP/IP ကြောင့် IPSS
X.25 ကွန်ရက်တွေ ကနေ အင်တာနက်ကွန်ရက်ထဲ ချိတ်ဆက်ဝင် ရောက်
အသုံးပြုနိုင်ပြီး ၁၉၈၄ ခုနှစ်မှာတော့ University College London ကနေ ၎င်းရဲ့
အတ္တလန္တိတ်သမုဒ္ဒ ရာဖြတ်ဂြိုဟ်တု ဆက်ကြောင်းကို IPSS ကနေ တစ်ဆင့် TCP/IP
စနစ်နဲ့ ပြောင်းလဲ ချိတ်ဆက်ပေးလ နိုင်ခဲ့ ပါတယ်။ အစောပိုင်းမှာတော့ e-mail
လိုမျိုး အများသုံး application တွေကို အင်တာနက်နဲ့ တိုက်ရိုက်
ချိတ်ဆက်ပေးနိုင်ခြင်းမရှိဘဲ UUCP နဲ့ FidoNet တို့ရဲ့ gateway တွေကို
ကြားခံအဖြစ် အသုံးပြုခဲ့ကြရ ပါတယ်။ တချို့ gateway ၀န်ဆောင်မှုတွေကတော့
ရိုးရိုး e-mail သာမက UUCP နဲ့ e-mail တို့ကို ကြားခံသုံးကာ FTP
ဝက်ဘ်ဆိုက်တွေဆီ သွားရောက်ချိတ်ဆက်နိုင်အောင် လုပ်ဆောင် ပေးနိုင်ခဲ့ပါသည်။
Network များချိတ်ဆက်ရာတွင်protocols ၊port ၊socket
များအားသိရှိထားရမည်ဖြစ်သည်။ထိုအရာများ သည် Physical မဟုတ်ပဲ Logical များသာဖြစ်သည်။
(၁)Protocol
Protocol ဆိုသည်မှာ Language တစ်မျိုးဖြစ်သည်။အမျိုးမျိုးသော files system
များ၊ Windows(OS) အမျိုးမျိုး အသုံးပြုထားသည့်ကွန်ပျုတာများ အချင်းချင်း
ချိတ်ဆက်နားလည်နိုင်အောင်ရေးသားထားသော language ဖြစ်သည်။protocol သည်ရုပ်သဘောမဆောင်သည့် rule များ၊ specification များဖြစ်ပြီး
ချိတ်ဆက်မှုနယ်ပယ် အလိုက် protocol အမျိုးအစား များစွာရှိသည်။
အောက်ပါတို့သည် Computer Internet Communication Field တွင် အသုံးများသော Protocol များဖြစ်သည်။
(က)TCP/IP

Transport Control Protocol/Internet Protocol အင်တာနက်ကြီးတစ်ခုလုံးကို
မောင်းနှင်ထိန်းချုပ်နေသော protocol ဖြစ်သည်။Network
ချိတ်ဆက်ရာတွင်သုံးစွဲသော Protocol လည်းဖြစ်သည်။
(ခ)SMTP
Simple Mail Transport Protocol သည်မေးလ်များပို့လွတ်ရာတွင် အသုံးပြုသော Protocol ဖြစ်သည်။
(ဂ)POP
Post Office Protocol သည် မေးလ်များလက်ခံရာတွင် အသုံးပြုသည်။
(ဃ)HTTP
World Wide Web(www) အတွက် web browser များတွင်အသုံးပြုသော Hyper Text
Transport Protocol ဖြစ်သည်။ HTTP မပေါ်ခင်က IPX (Internet Packet
Protocol)များကို လည်းအသုံးပြုခဲ့ကြသည်။
(င)FTP
File Transfer Protocol သည် ဖိုင်များကို transfer ပြုလုပ်ရာတွင်အသုံးပြုသော Protocol ဖြစ်သည်။
(၂)Port

ကိုင်တွယ်လို့ မရသော Logical ကိန်းဂဏန်းများဖြစ်သည်။Port number သည် 16
bits ရှိသည့်အတွက် Port အရေအတွက် နှစ် တစ်ဆယ့်ခြောက်ထပ် (၀ မှ
၆၅၅၃၆)ရှိသည်။Port Number (0 to 1024) ကို အသုံးများသောport များအဖြစ်
IANA(Internet Assigned Numbers
Authority)မှသတ်မှတ်ပေးထားသည်။အသုံးများသော well know port များ
Service Port
FTP 21
SMTP 23
DNS 53
WWW 80
POP3 110
Proxy 8080
IRC 6667
စံသတ်မှတ်ထားသော Port Number များကိုအသုံးမပြုပဲ မိမိနှစ်သက်ရာ
Port Number မှ Serviceပေးလိုလျှင်လည်းရသည်။
(၃)Socket
Communication Devices နှစ်ခု ချိတ်ဆက်မိတိုင်း socket ဖြစ်သည်။

၁၉၈၄ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အကြားမှာ CERN က ၎င်းရဲ့ အဓိက ကွန်ပျူတာစနစ်တွေ၊
workstation တွေ၊ ပီစီတွေနဲ့ accelerator control စနစ်တို့ကို TCP/IP
အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒီအတောအတွင်း CERN အနေနဲ့ ၎င်းရဲ့ကိုယ်ပိုင်
network protocol သုံးထားတဲ့ ကွန်ရက်တစ်ခုကို ဆက်လက် အသုံးပြုနေခဲ့ပါတယ်။
ဥရောပနိုင်ငံတွေအနေနဲ့ အဲဒီတုန်းက TCP/IP က စနစ်ကို
ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုဖို့ တွန့်ဆုတ်နေခဲ့ကြတာကြောင့် CERN TCP/IP
intranet ဟာ ၁၉၈၉ ခုနှစ်အထိ အင်တာနက်ကွန်ရက်ကြီးနဲ့ ချိတ်ဆက်မမိနိုင်သေးဘဲ
သီးခြားတည်ရှိနေခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စု ပြင်ပက ပထမဆုံး ARPANET
ချိတ်ဆက်မှုကို ၁၉၇၃ ခုနှစ်မှာ နော်ဝေးနိုင်ငံ NORSAR ကွန်ရက်နဲ့ ပြုလုပ်
ခဲ့တာဖြစ်ပြီး များမကြာမီမှာပဲ ဗြိတိန်နိုင်ငံနဲ့ ဆက်လက်ချိတ်
ဆက်မှုပြုခဲ့ပါတယ်။ ၁၉၈၂ ခုနှစ် အရောက်မှာ တော့ ဒီကွန်ရက်ဆက်ကြောင်းတွေကို
တခြား ARPANET ကွန်ရက်တွေ အားလုံးနဲ့အတူပဲ TCP/IP အဖြစ်
ပြောင်းလဲခဲ့ကြပါသည်။
အာရှတိုက်အတွင်းကိုတော့ ၁၉၈၀ ပြည့်လွန်နှစ်နှောင်းပိုင်းမှာမှ အင်တာနက်ကွန်ရက်ရောက်ရှိလာ ခဲ့တာဖြစ်ပါသည်။ ၁၉၈၄ ခုနှစ် ကတည်းက UUCPက အခြေပြု ဂျပန်နိုင်ငံရဲ့ JUNET
ဟာ ၁၉၈၉ ခုနှစ်မှာ NSFNet နဲ့ ၀င်ရောက် ချိတ်ဆက်လာခဲ့ပါတယ်။ စင်ကာပူ
နိုင်ငံကတော့ ၁၉၉၀ ပြည့်နှစ်မှာ TECHNET ကွန်ရက်ကို ဖန်တီးခဲ့ ကာ ၁၉၉၂
ခုနှစ်မှာ ထိုင်းနိုင်ငံက ၎င်းရဲ့ချူလာလောင်ကွန်တက္ကသိုလ် နဲ့ UNNET တို့အကြား
ကွန်ရက် ချိတ်ဆက်ပြီး အင်တာနက်ကွန် ရက်ကြီးနဲ့ စတင်ချိတ်ဆက်လာနိုင်
ခဲ့ပါသည်။
(၃)အင်တာနက်ကို စီးပွားရေးလုပ်ငန်းသုံးအဖြစ် ဖွင့်ပေးလိုက်ခြင်း
အစောပိုင်းကာလတွေမှာ အင်တာနက်ကို စီးပွားရေးလုပ်ငန်းအနေနဲ့ အသုံးမပြုဖို့ တားမြစ်ထားပေမယ့်
အဓိပ္ပာယ်အတိအကျနဲ့ တားမြစ်ထားမှုမရှိတဲ့အပြင် အများအားဖြင့်
ကိုယ်ပိုင်သဘောဆန္ဒနဲ့ပဲ အသုံးမပြုဘဲနေ ကြတာကိုတွေ့ရ ပါသည်။ ၁၉၈၀ ပြည့်
နှောင်းပိုင်း ကာလတွေမှာတော့ ပထမဆုံးသော အင်တာနက် ၀န်ဆောင်မှုကုမ္ပဏီ
(Internet Service Provider) တွေ ပေါ်ပေါက်လာပါတယ်။ ဒီအထဲက PSINet, UUNET,
Netcom, Portal Software တွေဆိုရင် ဒေသတွင်း သုတေသန ကွန်ရက်တွေအတွက်သာမက
UUCP အခြေပြု e-mail နဲ့ Usenet News စတဲ့ အများပြည်သူတွေအတွက်
ဝန်ဆောင်မှုတွေကိုပါပေးလာတာကြပါ သည်။ အမေရိကန်အနောက်ဘက်ကမ်းခြေအတွက် အခုအခါ
Verio လို့လူသိများနေတဲ့ Best Internet ကို ၁၉၈၆ ခုနှစ်မှာ
ဖွင့်လှစ်ခဲ့ပြီး အရှေ့ဘက်ကမ်းခြေဒေသအတွက် ပထမဆုံး dial-up ကုမ္ပဏီ
world.std.com ကို ၁၉၈၉ ခုနှစ် မှာ ဖွင့်လှစ်ခဲ့ပါသည်။
(၄)စံချိန်၊စံညွှန်းများအတွက် စံညွှန်းသတ်မှတ်ချက်
အင်တာနက်ကွန်ရက်ကြီးဟာ ဘယ်သူတစ်ဦးတစ်ယောက်၊ ဘယ်ကုမ္ပဏီ၊
ဘယ်အဖွဲ့အစည်းကမှပိုင် ဆိုင်ထိန်းချုပ်ထားတာမျိုးမရှိဘဲ အလျင်အမြန်ကြီးထွားလာခဲ့ပေမယ့် ကွန်ရက်ကြီး ပြဿနာတစ်စုံတစ်ရာ မပေါ် ပေါက်ဘဲ
လည်ပတ် လုပ်ဆောင်နိုင်ဖို့အတွက် အများလက်ခံသဘောထူထားတဲ့ စံညွှန်းတစ်ခု
လိုအပ်နေ တယ် ဆိုတာ သိမြင်လာကြပါသည်။ အင်တာနက်စံညွှန်းသတ် မှတ်ဖို့အတွက်
RFC (Request for Comments) က နေ စတင် ကြိုးပမ်းလုပ်ဆောင်ခဲ့ပါတယ်။ ၁၉၈၅
ခုနှစ် ဇန်န၀ါရီလမှာ အမေရိကန် အစိုးရရဲ့ ငွေကြေးအ ထောက်အပံ့နဲ့
သုတေသနပညာရှင်တွေကနေ IETF ကို စတင်ဖွဲ့စည်းခဲ့ပါ တယ်။ IETF အစည်း အဝေးကို
သုံးလတစ်ကြိမ် ပုံမှန်ကျင်းပပြီး စတုတ္ထမြောက်အစည်းအဝေးမှာတော့
အစိုးရမဟုတ်တဲ့ ကုမ္ပဏီတွေကနေ ပညာရှင်တွေ ပါဝင်တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ အဲဒီ နောက် IETF အစည်းအဝေးတွေကနေ လက်ခံတဲ့ စံညွှန်းတွေကို STD အဖြစ် အများက
အသုံးပြုလာခဲ့ပါတယ်။ ၁၉၉၂ ခုနှစ် အရောက်မှာတော့ IETF ဟာ Internet Society
ရဲ့ အောက်ကို ရောက်ရှိပြီး နိုင်ငံတကာစံညွှန်း သတ်မှတ်မှုများဆိုင်ရာ
လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်လာခဲ့ပါသည်။
(၅)NIC, InterNIC, IANA နဲ့ ICANN ဆိုတာ
အင်တာနက်ကွန်ရက်ကြီးတစ်ခုလုံးကို စီမံခန့်ခွဲဖို့အတွက် Network Information Centre (NIC) ကို ကာလီဖိုးနီးယားပြည်နယ် Menlo Park ရှိ
Stanford သုတေသနဌာနမှာ ဖွင့်လှစ်ခဲ့ပါ တယ်။ ၁၉၇၂ ခုနှစ်အ ရောက်မှာ NIC ရဲ့
စီမံခန့်ခွဲမှုကို Internet Assigned Numbers Authority (IANA) က
လွှဲပြောင်းယူခဲ့ပါ သည်။Paul Mockapetris က ဒိုမိန်း အမည်ပေးစနစ် (Domain
Name System) ကို ဖန်တီးခဲ့ပါတယ်။ အစော ပိုင်းမှာ Stanford သုတေသနဌာနရှိ
Defense Data Network- Network Information Centre (DDN-NIC) ကနေ .mil,
.gov, .edu, .org, .net, .com, .us စတဲ့ top-level domain (TLD) တွေနဲ့
root nameserver စီမံခန့်ခွဲမှုတွေ၊ အင်တာနက် အမည်ပေးစနစ်တွေအားလုံးကို
တာဝန်ယူခဲ့ပါတယ်။
၁၉၉၁ ခုနှစ် အရောက်မှာ ကာကွယ်ရေး သတင်းအချက်အလက်စနစ် အေဂျင်စီ (DISA) ကနေ DDNNIC ကို Government
Systems Inc ဆီ လွှဲပြောင်းပေးခဲ့ပါသည်။ ၁၉၉၃ ခုနှစ်မှာ အမေရိကန် အမျိုးသား
သိပ္ပံဖောင် ဒေးရှင်းက InterNIC ကို တည်ထောင်ပြီး ကုမ္ပဏီ ၃ ခုကို
လုပ်ငန်းတွေ ခွဲဝေပေးခဲ့ပါတယ်။ ဒီစနစ် အရ Network Solutions ဟာ
ဒိုမိန်းမှတ်ပုံတင်ဝန်ဆောင်မှုကို တာဝန်ယူပြီး AT&T u directory နဲ့ database ၀န်ဆောင်မှုကို တာဝန်ယူရကာ General Atomics ကနေ
သတင်းအချက်အလက်စနစ်အတွက် တာဝန်ယူခဲ့ပါ တယ်။ ၁၉၉၈ ခုနှစ်အရောက်မှာတော့ IANA
နဲ့ InterNIC နှစ်ခုစလုံးဟာ ကာလီဖိုးနီးယားမှာ အခြေစိုက်တဲ့
အင်တာနက်ဒိုမိန်း မှတ်ပုံတင်ရေးအဖွဲ့ကြီး (ICANN) ရဲ့ လက်အောက်ကို
ရောက်ရှိခဲ့ပါ တယ်။ အဲဒီနောက် ပိုင်းမှာ DNS စနစ်ကို ပုဂ္ဂလိကကုမ္ပဏီတွေဆီ
လွှဲပြောင်းပေးခဲ့ပြီး အင်တာနက်အမည်များ စီမံခန့်ခွဲမှုကိုလည်း
ကန်ထရိုက်စနစ်နဲ့ ကုမ္ပဏီတွေဆီ ချပေးခဲ့ပါတယ်။

(၆)မြန်မာနိုင်ငံနှင့်အင်တာနက်
ကျွန်တော်တို့မြန်မာနိုင်ငံတွင် ၁၉၉၆ ခုနှစ်မှာ Myanmar Computer Science
Development Concil ကိုဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။၁၉၉၇ အစောပိုင်းတွင် Eagle Group Company မှ နိုင်ငံခြားသားများအတွက် “datserco.com.mm”
ဖြင့်အီးမေလ်ဝန်ဆောင်မှုကိုစတင်နိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် x.400 protocol ဖြင့် အီးမေးလ် စနစ်ကို ၁၉၉၈ ခုနှစ် ဝန်းကျင်မှာ
စတင်အသုံးပြုခဲ့ပါသည်။မြန်မာနိုင်ငံတွင် အင်တာနက်ဝန်ဆောင်မှု ပေးနေသော ISP လက်ရှိနှစ်ခုရှိပါသည်။Myanmar Post and Telecoms(MPT) နှင့် ယခု MTP (ယခင်
Bagan Cybertech(BCT) )တို့ဖြစ်ပါသည်။ မြန်မာနိုင်ငံ ၏ Country domain
name မှာ .mm ဖြစ်ပါသည်။နိုင်ငံတကာ ရေအောက် ကေဘယ်လ်ဆက်ကြောင်း SEA – ME –
WE3 (2.5 Gbps)ဖြင့်နိုင်ငံတကာ အင်တာနက်ဆက်သွယ်မှုပြုလုပ်ပါသည်။၂၀၀၆ ခုနှစ်စာရင်များအရ ADSL အသုံးပြုသူ ၉၀၀ ကျော်၊ BWLL အသုံးပြုသူ ၁၃၀၀ ကျော်
၊ Dail Up အသုံးပြုသူ ၆၅၀၀ ကျော် ၊ iPSTAR အသုံးပြုသူ ၁၀၀၀
ကျော်ရှိပါသည်။ယခု အခါမှာတော့ အင်တာနက် ကဖေးဆိုင်များနေရာအနှံ့
ပေါ်ပေါက်လာပြီး လူတိုင်းအင်တာနက်ကိုအလွယ်တစ်ကူ
သုံးစွဲနိုင်နေပြီဖြစ်ပါသည်။ကျွန်တော်တို့ နိုင်ငံတွင် အင်တာနက် ရယူသုံးစွဲမှပုံစံများကတော့ အမျိုအစား(၆)မျိုးဖြင့်
ဆက်သွယ်သုံးစွဲနေကြပါသည်။ ထိုအမျိုးအစားများမှာ-
၁။Dail up
၂။ADSL
၃။BWLL(Broadband wireless local)
၎။iPSTAR Satellite Broadband
၅။Fibre links
၆။Wi Max

(၁)ADSL & Dial-up

ရန်ကုန်မှာဆိုရင် အရင်တုန်းက ဒီ service က နေရာတိုင်း မရပါဘူး ဘာလိုလည်းဆိုရင် သက်ဆိုင်ရာ
မြို့နယ်အိတ်ချိန်းရုံးတွေမှာ ADSL server စက်တွေမရှိသေးလို့ဖြစ်ပါသည်။
အခုနေရာတိုင်းရနေပြီဖြစ်ပါသည် ။ MPT ကနေပြီး သက်ဆိုင်ရာ အိတ်ချိန်းတွေကို
Cable နဲ့သွားတာဖြစ်ပါသည် ။ ဒီနည်းပညာမှာတော ဖုန်းလိုင်းနဲ့ဆက်သွယ်တာ
ဖြစ်ပါသည်။


(၂)iPstar

သူကတော သက်ဆိုင်ရာစက်ကနေပြီး ဂြိုလ်တုကိုသွားပြီး တိုးကြောင်လေး မြေပြင်ဝေဟင်ဆက်သွယ်ရေးစခန်းက တဆင့်သုံးရတာဖြစ်ပါသည်။


(၃)Broad Band

အရင်တုန်းကသုံးတဲ့ပုံစံကတော့ သူက wimax လိုပဖြစ်ပဲ ဖြစ်ပါသည်။ အရင်တုန်းကတော့ Bagan က ရန်ကုန်မြို့နဲ့
အချက်အချာကျတဲ့နေရာ ၂ ခုမှာ တပ်ဆင်ထားပါတယ်။ တစ်ခုကတော Trader Hotel
အပေါ်မှာနဲ့ နောက်တစ်ခုက ရွေဂုံတိုင်မှာ ဖြစ်ပါသည်။
အဲဒီကနေမှတစ်ဆင့်ဆိုင်ရာ outdoor receiver တွေဆီကို လွင့်ပေးတာဖြစ်ပါသည်။


ပုံ(၆) မြန်မာနိုင်ငံ ဖျာပုံမြို့ နိုင်ငံတကာရေအောက်ကေဘလ်ဆက်ကြောင်း SEA – ME – WE3 (2.5 Gbps) ဆက်ကြောင်းပြမြေပုံ
ယခုလက်ရှိတွင် ရန်ကုန်နှင့်မန္တလေး မြို့ကြီးနှစ်မြို့ကို Fiber Optic backbone
ဖြင့်ချိတ်ဆက်ထားပြီဖြစ်ပါသည်။ယခုအခါ အင်တာနက်ဆက်ကြောင်းများကို နိုင်ငံအနှံ့ တိုးချဲ့ဖောက်လုပ်နေပြီ နိုင်ငံတကာနှင့်လည်း
အင်တာနက်ဆက်ကြောင်းသစ်များဖောက်လုပ်ဆက်သွယ်နေပြီဖြစ်ပါသည်။





No comments:

Post a Comment

ဒီစာမျက်နာကိုPrint ချင်ရင် နိုင်ငံတကာ ဖုန်း Dialing Code ရှာရန် နိုင်ငံတကာ ဒေါင်လာဈေးမေးရန် အမေရီကန် ဒေါင်လာ မှ တခြားနိုင်ငံ ငွေဈေးမေးရန်