{Matupi, Southern Chin State of Myanmar } Bungtla Waterfall is the longest waterfall in Chin State, falls near Matupi, 16 miles away from Matupi. The height of Bungtla waterfall is over 3500 ft and it falls by 9 levels. In Chin State, Bungtla waterfall is one the most famous natural resources. Even though Bungtla is flowing in nine levels it is available one 5 levels to go. The rest 4 levels are almost impossible to reach. None of tourists have been arrived Bungtla Waterfall. We will take you there one day as soon as. http://youtu.be/44dDZ1hkB2o http://www.panoramio.com/photo/46861327
Thank You For Visit မလာလည်ကြတဲ့ကျေးဇူး ကြိုဆိုပါတယ်
ဒီWebsite ကိုအလွတ်တကူနဲ့သွားချင်ရင် Tool Bar ကိုအောက်မှာဒေါင်းပါ
Installလုပ်နည်းမသိသူများ ဒီမှာသွားပါ ကျွှန်တော်ရဲ့ Toolbar မှာMyanmar သီချင်း Radio(APYTZ Radio) ကိုပါတစ်ခါတည်းထဲထားပါတယ်။

အေမြလှတဲ့ဆောင်းညရဲ့ ခရစ်စ္စမတ်သီချင်း

 streamoflife99.com မှ တဆင့်တင်ပေးလိုက်ပါတယ်နော်။။
CHRISTMAS GREETING
 ပျော်ရွှင်စရာခရစ်စမတ်အချိန်ရောက်လို့ လာပြန်ပါပြီ။ အေးမြတဲ့ ဆောင်းရဲ့လေနုအေးအောက်မှာ ကျွန်မတို့အတွက်မွေးဖွားလာခဲ့တဲ့ ကယ်တင်ရှင်ရဲ့ မွေးဖွားခြင်း ၀မ်းမြောက်ဖွယ်ရာ သတင်းကောင်းဟာ တေးသီချင်းတွေနဲ့ အတူ မျှဝေခံစားရင်း.. လူတိုင်းရင်ထဲမှာ ငြိမ်းချမ်းမှုတွေ ရရှိခံစားနိုင်ပါစေလို့ Stream Of Life မှ နှုတ်ခွန်းဆက်လိုက်ပါတယ်..။ တကယ်တော့ ခရစ်စမတ်ဆိုတာ လူသားတိုင်းအတွက် မွေးဖွားလာခဲ့တဲ့ကယ်တင်ရှင် ရဲ့ မွေးဖွားခြင်းကို နေ့ထူးနေ့မြတ်အဖြစ် ဂုဏ်ပြုကြိုဆိုရင်း ကမ္ဘာပေါ်မှာရှိတဲ့ လူသားတိုင်း ကျင်းပပြုလုပ်သင့်တဲ့ ပွဲတစ်ခုပါ..။ မြို့ပြတွေမှာတော့ အလှအပတွေ ပြင်ဆင်ရင်းနဲ့ ထိန်ညီးအောင် လုပ်နေကြပေမယ့် .. လူသားတိုင်းရဲ့ နှလုံးသားထဲမှာ ကြိုဆိုနေရာပေးဖို့သာ အဓိကကျလို့ နေပါတယ်..။ လွန်ခဲ့တဲ့ အနှစ် နှစ်ထောင်က သူမွေးဖွားလာခဲ့တာကို မသိလိုက်လို့ မကြိုဆိုမိခဲ့သလိုမျိုး.. သင်လည်း အမှတ်တမဲ့နဲ့ ဒီနေ့ရက်ကို ကျော်လွန်သွားမိမှာ စိုးမိပါတယ်..။ တကယ်တော့ ခရစ်စမတ်ဆိုတာ လူသားတိုင်းကို အပြစ်ငရဲ က ရွေးနှုတ်ကယ်တင်မယ့်အရှင်ဟာ ကောင်းကင်ဘုန်းစည်းစိမ်ကို စွန့်လွှတ်ပြီး ၊ဘုရားဇာတိ မှ.လူ့ဇာတိကို ခံယူမွေးဖွားလာခဲ့ခြင်းကို ကြိုဆိုဂုဏ်ပြုခြင်းဖြစ်ပါတယ်။ လူတွေဟာ ကိုယ်ကျူးလွန်တဲ့ အပြစ်ဒုစရိုက်တွေအတွက် အပ္ပါယ်လားရမယ့်အရေးအတွက် .. ဖန်ဆင်းရှင် ဘုရားသခင်ဟာ လောကကမ္ဘာ ကြီးထဲကို လာရောက်ပြီး လူသားတွေရဲ့ အပြစ်အတွက် မိမိကိုယ်တိုင် အသေခံပြီး ရွေးနှုတ်ကယ်တင်သွားပါတယ်။ သူဟာသဂြိုဟ်ပြီး ၃ရက်မြောက်သောနေ့မှာ သေခြင်းမှ ထမြောက်ရှင်ပြန်ခဲ့ပြီး သူ့ကို ယုံကြည်လက်ခံသူတိုင်းကို ထာဝရအသက်ကို မေတ္တာလက်ဆောင်အဖြစ် ပေးနေပါတယ်။ သူ့ကို ရတဲ့သူဟာ အသက်ကိုရတယ်။ သူ့ကို ယုံကြည်သူတိုင်းဟာ သေခြင်းနဲ့ အစဉ်ကင်းလွတ်ပြီး ထာဝရအသက်ရှင်ရမှာဖြစ်တယ်..။ သူဟာ တစ်နေ့ကျရင် သူ့ကို ယုံကြည်သူတိုင်းကို ပြန်လည်သိမ်းဆည်းဖို့ရန် လောကကြီးထဲကို ဘုရင်တကာရဲ့ ဘုရင် အရှင်တကာရဲ့အရှင်အနေနဲ့ ပြန်ကြွလာတော့မှာဖြစ်တယ်..။ မိတ်ဆွေ မသိလိုက်မိမှာစိုးလို့ ဒီသီချင်းလေးတွေနဲ့ အတူ သူ့မေတ္တာကို ခံစားတုံ့ပြန်နိုင်ပါစေလို့ ဆုတောင်းရင်း... မိတ်ဆွေအတွက်လည်း ပျော်ရွှင်စရာ ကောင်းတဲ့ခရစ်စမတ်ဖြစ်ပါစေ လို့ ..မေတ္တာပို့ ဆုတောင်းလိုက်ပါတယ်..။
 နောင်နောင်

No comments:

Post a Comment

ဒီစာမျက်နာကိုPrint ချင်ရင် နိုင်ငံတကာ ဖုန်း Dialing Code ရှာရန် နိုင်ငံတကာ ဒေါင်လာဈေးမေးရန် အမေရီကန် ဒေါင်လာ မှ တခြားနိုင်ငံ ငွေဈေးမေးရန်