{Matupi, Southern Chin State of Myanmar } Bungtla Waterfall is the longest waterfall in Chin State, falls near Matupi, 16 miles away from Matupi. The height of Bungtla waterfall is over 3500 ft and it falls by 9 levels. In Chin State, Bungtla waterfall is one the most famous natural resources. Even though Bungtla is flowing in nine levels it is available one 5 levels to go. The rest 4 levels are almost impossible to reach. None of tourists have been arrived Bungtla Waterfall. We will take you there one day as soon as. http://youtu.be/44dDZ1hkB2o http://www.panoramio.com/photo/46861327
Thank You For Visit မလာလည်ကြတဲ့ကျေးဇူး ကြိုဆိုပါတယ်
ဒီWebsite ကိုအလွတ်တကူနဲ့သွားချင်ရင် Tool Bar ကိုအောက်မှာဒေါင်းပါ
Installလုပ်နည်းမသိသူများ ဒီမှာသွားပါ ကျွှန်တော်ရဲ့ Toolbar မှာMyanmar သီချင်း Radio(APYTZ Radio) ကိုပါတစ်ခါတည်းထဲထားပါတယ်။

Facebook ဖန်တီးရှင်

Time မဂ္ဂဇင်းရဲ့ အထင်ကရပုဂ္ဂိုလ် ၁၀၀ ရဲ့အကြောင်းကို အင်တာနက်မှာ ရှာဖွေဘာသာပြန်ဖို့ စိတ်ကူးနေမိ တာကြာပါပြီ။ ပထမဦးဆုံး ကျားမေမေ လို့ လူသိများတဲ့ အေမီချွား Amy Chua ကို ဘာသာပြန်ဖြစ်ခဲ့ပါတယ်။
ဒုတိယဘာသာပြန်ဖို့ စဉ်းစားဆုံးဖြတ်ပြီး အချက်အလက်စုဆောင်းနေတာက Facebook ပူးတွဲဖန်တီးရှင် Mark Zuckerberg မတ်(ခ်)ဇူကာဘတ်(ဂ်)ဖြစ်ပါတယ်။  အောက်မှာမှာ ကျွန်တော်ဖော်ပြထားတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့လူငယ်တွေ အောင်မြင်တဲ့သူတွေဖြစ်စေချင်တဲ့ ဆန္ဒကြောင့် ဆက်လက်ဘာသာပြန်ပေးလိုက်ပါတယ်။
အမေရိကန်နိုင်ငံသား ကွန်ပျူတာပရိုဂရမ်မာနဲ့ အင်တာနက်………ကို ၁၉၈၄ ခုနှစ်၊ မေလ ၁၄ ရက်နေ့ မှာ မွေးဖွား ခဲ့ပါတယ်။ သူ့ကို လူသိများထင်ရှားစေတဲ့အချက်ကတော့ Facebook လို့ခေါ်တဲ့ လူမှုရေးကွန်ရက်ကို ပူးတွဲဖန်တီး ခဲ့လို့ပါ။ သူဟာ Facebook ရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ ဥက္ကဋ္ဌတာဝန်ကိုယူထားပါတယ်။ သူသာ ဟားဗက်တက္ကသိုလ်ကျောင်းသားဘ၀က သူငယ်ချင်းသုံးယောက် (Dustin Moskovitz, Eduardo Saverin, and Chris Hughes) နဲ့ ၂၀၀၄ ခုနှစ်မှာ ကုမ္ပဏီကို ပူးပေါင်းတည်ထောင်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ သူ့ကို Time မဂ္ဂဇင်းရဲ့ တစ်နှစ်တာ အထင်ပေါ်ဆုံးလူသား (Time magazine's Person of the Year) အဖြစ်သတ်မှတ်ခံရ ပါတယ်။ ၂၀၁၁ခုနှစ်၊ သူရဲ့ချမ်းသာကြွယ်ဝမှုခန့်မှန်းငွေဟာ ဒေါ်လာ ၁၇.၅ သန်းဖြစ်ပါတယ်။
ကိုယ်ရေးအချက်အလက်
ဇူကာဘာဂ်ကို မိခင်ဖြစ်သူ စိတ်ရောဂါဆရာဝန် Karen နဲ့ သွားဆရာဝန် ဖြစ်သူ အက်ဝါ့ဇူကာဘာ့ဂ် တို့က ၁၉၈၄ ခုနှစ် နယူးယောက်မြို့ ၀ှိုက်စလိန်းမှာမွေးပါတယ်။ သူ့မှာ Randi, Donna နဲ့ Arielle လို့ခေါ်တဲ့ညီမသုံးယောက် ရှိပါတယ်။
သူဟာ Ardsley အထက်တန်းကျောင်းမှာတက်ရောက်ခဲ့ပြီးနောက် Phillips Exeter Academy ကိုဝင်ရောက်ခွင့် ရခဲ့ပါတယ်။ သူဟာ သိပ္ပံဘာသာရပ်များဖြစ်တဲ့ သင်္ချာ၊ နက္ခတ္တဗေဒ၊ ရူပဗေဒ နဲ့ အနုပညာဘာသာရပ်တွေမှာ ဆုတွေရရှိခဲ့ပါတယ်။ နောက်ပြီးသူဟာ ပြင်သစ်၊ ဟီဘရူး၊ လက်တင် နဲ့ ရှေးဟောင်းဂရိဘာသာစကားတွေကို ဖတ်နိုင်၊ ရေးနိုင်ပါတယ်။ ပိုပြီးထူးခြားတာက သူဟာ ရှေးဟောင်းကဗျာရှည်ရွတ်ဆိုပြိုင်ပွဲမှာ လူသိများပါတယ်။
မန်ဒရင်းတရုတ်ဘာသာစကားကိုလေ့လာခဲ့တဲ့အတွက် စုံတွဲများလေ့လာရေးခရီးအဖြစ် တရုတ်နိုင်ငံကို ၂၀၁၀ ခုနှစ် ဒီဇင်ဘာလမှာ သွားရောက်ခဲ့ပါတယ်။
သူ့ရဲ့ Facebook စာမျက်နှာမှာ ပွင့်လင်းခြင်း၊ လူသားများကို ကူညီဆောင်ရွက်ခြင်း၊ အရေးကြီးတဲ့ သတင်းအချက်တွေမျှဝေပေးခြင်းတွေကို ထည့်သွင်းဖော်ပြထားပါတယ်။ သူဟာ အပြာရောင်ကို အကောင်းဆုံးလို့ မြင်တယ်။ ဒါ့ကြောင့်သူရဲ့Facebook ကို အပြာရောင်အဓိကထားသုံးစွဲခဲ့တယ်။
၂၀၁၁ခုနှစ် မေလမှာ ပလိုအော်တိုမှာ အိပ်ခန်းငါးခန်းပါတဲ့ ဒေါ်လာ ရသန်းတန် နေအိမ်ကို ၀ယ်ခဲ့တယ်။
ငယ်ဘဝ
အလယ်တန်းကျောင်းမှာ သူဟာ ကွန်ပျူတာအသုံးချနည်း Software ရေးသားနည်းကို စတင် သင်ကြားခဲ့တယ်။ သူ့ဖခင်က ၁၉၉၀ မှာ Atari BASIC Programming ကို သင်ကြားပေးခဲ့တယ်။ သူအထက်တန်းကျောင်းတက်နေစဉ် ကာလမှာပဲ သူအိမ်နားက မာစီကောလိပ်က ပညာရပ်တစ်ခုတက်ရောက်အောင်မြင်ခဲ့တယ်။ သူဟာ သူ့အဖေရဲ့ သွားစိုက်တဲ့လုပ်ငန်း တွေအိမ်မှာလုပ်ကိုင်ရင်း ကွန်ပျူတာ ပရိုဂရမ်၊ အထူးသဖြင့် ဆက်သွယ်ရေးနည်းပညာနဲ့ ဂိမ်းတွေကို စိတ်ဝင်စားခဲ့တယ်။ နောက် ZuckNet ဆိုတဲ့ ပရိုဂရမ်တစ်ခုကို ရေးသားခဲ့တယ်။
ဟားဗက်တက္ကသိုလ်ကျောင်းသားဘဝ
ဇူကာဘာဂ်ဟာ ၂၀၀၂ခုနှစ်၊ စက်တင်ဘာလမှာ ဟားဗက်တက္ကသိုလ်ဝင်ရောက်ခွင့်ရွေးချယ်ခံရတယ်။ သူဟာ စိတ်ပညာ၊ ကွန်ပျူတာသိပ္ပံကို သင်ယူခဲ့တယ်။ ပထမဆုံး Facebook ကို ပုံ နှစ်ပုံ ဒါမှမဟုတ် ယောက်ျားလေးနှစ်ယောက် နဲ့မိန်းကလေးနှစ်ယောက်ပုံနဲ့ ဆိုဒ်ကလေးတစ်ခုအဖြစ်ဖန်တီးခဲ့တယ်။ ၀င်ရောက်ကြည့်ရှု သူတွေက လူကြိုက်များသောဆိုဒ်အဖြစ်အဆင့်သတ်မှတ်ပေးခဲ့ကြတယ်။
တစ်ပတ်လောက်ကြာတော့ ဟားဗက်ဆာဗာကို ကျောင်းသားတွေက အကာအကွယ်ပေးကြဖို့ သူတို့ရဲ့ဓာတ်ပုံတွေ ခွင့်ပြုချက်မရဘဲ သုံးစွဲလို့ဆိုတော့ ဇူကာဘာ့ဂ် လိုက်တောင်းပန်ရတယ်။ လုံးဝမသင့်တော်ဘူး ဆိုတဲ့ ဆောင်းပါး သူ့ဆိုဒ်မှာရေးလာတယ်။ ဓာတ်ပုံတွေ အသေးစိတ်အချက်အချက်တွေနဲ့ တက္ကသိုလ်ဖွံ့ဖြိုးဖို့ ကျောင်းသားတွေ တောင်းဆိုလာတော့ မကောင်းပေမယ့် တက္ကသိုလ်အတွက် စီမံဆောင်ရွက်ပေးနိုင်ခဲ့တယ်။
Facebook
သမ္မတအိုဘားမား နဲ့ ဇူကာဘာဂ် ၂၀၁၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက် ၀ုဒ်ဆိုက်(Woodside)မှာ အိုဘားမား တည်ခင်းတဲ့ စီးပွားရေးသိပ္ပံခေါင်းဆောင်များနဲ့ ညစာစားပွဲမစခင် နှစ်ယောက်သား ပုဂ္ဂိုလ်ရေးဆွေးနွေးမှုတွေပြုလုပ် ခဲ့တယ်။ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ဟားဗက်တက္ကသိုလ်က သူ့အိပ်ခန်းထဲမှာ Facebook ကို စတင် ဆောင်ရွက်ခဲ့တယ်။ ကျောင်းသားလမ်းညွှန် အဖြစ် သူငယ်ချင်းတွေရဲ့အကြောင်းအရာတွေကို တယ်လီဖုန်းနံပါတ် တွေ၊ စာသင်နှစ်တွေဖော်ပြပြီး ဆောင်ရွက်ပေးခဲ့တယ်။ နောက်သူ့အခန်းဖော် ဒူစတင်မော့ကိုဗစ်ဇ် (Dustin Moskovitz) အကူအညီနဲ့ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင်လုပ်ဖို့ဆုံးဖြတ်ခဲ့တယ်။ ပထမအဆင့်အနေနဲ့ စတန်းဖို့ဒ်၊ ဒါ့မောက်သ်၊ ကိုလမ်ဘီယာ၊ နယူးယောက်တက္ကသိုလ်၊ ကောနယ်၊ ပင်းန်၊ ဘရောင်း နဲ့ ယေး စတာတွေနဲ့ ဟားဗက် လူမှုရေးအရဆက်သွယ်ဆောင်ရွက်ခဲ့တယ်။
Zuckerberg at World Economic Forum, Davos, Switzerland (January 2009)
အခုဆိုရင် အင်တာနက်သုံးစွဲသူတိုင်း Facebook ကိုတန်းတန်းစွဲဖြစ်နေပါပြီ။ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးကိစ္စ အားလုံးအတွက် မတ်(ခ်)ဇူကာဘတ်(ဂ်)ရဲ့ စိတ်ကူးပုံဖော်မှုကို အထူးကျေးဇူးတင်နေကြပြီဖြစ်ပါကြောင်း ပြန်ဆိုရေးသားလိုက်ပါတယ်။
http://en.wikipedia.org/wiki/Mark_Zuckerberg

No comments:

Post a Comment

ဒီစာမျက်နာကိုPrint ချင်ရင် နိုင်ငံတကာ ဖုန်း Dialing Code ရှာရန် နိုင်ငံတကာ ဒေါင်လာဈေးမေးရန် အမေရီကန် ဒေါင်လာ မှ တခြားနိုင်ငံ ငွေဈေးမေးရန်