{Matupi, Southern Chin State of Myanmar } Bungtla Waterfall is the longest waterfall in Chin State, falls near Matupi, 16 miles away from Matupi. The height of Bungtla waterfall is over 3500 ft and it falls by 9 levels. In Chin State, Bungtla waterfall is one the most famous natural resources. Even though Bungtla is flowing in nine levels it is available one 5 levels to go. The rest 4 levels are almost impossible to reach. None of tourists have been arrived Bungtla Waterfall. We will take you there one day as soon as. http://youtu.be/44dDZ1hkB2o http://www.panoramio.com/photo/46861327
Thank You For Visit မလာလည်ကြတဲ့ကျေးဇူး ကြိုဆိုပါတယ်
ဒီWebsite ကိုအလွတ်တကူနဲ့သွားချင်ရင် Tool Bar ကိုအောက်မှာဒေါင်းပါ
Installလုပ်နည်းမသိသူများ ဒီမှာသွားပါ ကျွှန်တော်ရဲ့ Toolbar မှာMyanmar သီချင်း Radio(APYTZ Radio) ကိုပါတစ်ခါတည်းထဲထားပါတယ်။

အမေများနေ့ (Mothers Day)





May,13,2012 ရက်နေ့သည် အမေများနေ့ဖြစ်ပါသည် အမေများနေ့မှာ သူငယ်ချင်းတို့တွေ


ကိုယ့်ရဲ့မိခင်ကို ဘာတွေလုပ်ပေးမလဲ ကိုယ့်ရဲ့အမေကိုဘယ်လို စိတ်ချမ်းသာအောင်ထားမလဲ လို့ရည်ရွယ်ထားပါသလဲ




မသိသေးသူများကို ကျွန်တော်ဒီကနေ ကြိုအကြောင်းကြားပေးထားပါတယ်ဗျာ နောက်ပြီးတော့ ဖိုရမ်ကနေလဲ ကိုယ့်ရဲ့အမေကို


ဆုမွန်ကောင်းတွေပေးကြရအောင်ဗျာ မိခင်နဲ့ဝေးနေတဲ့သူတွေအတွက်လဲ ကျွန်တော်စိတ်မကောင်းပါဘူးးဗျာ........


အမေနဲ့အတူတူရှိနေသူများ ကိုယ့်ရဲ့အမေကို စိတ်ချမ်းသာအောင်ထားနိုင်ကြပါစေ......



အမေများနေ့


အမေများနေ့အတွက် ကျနော်ကဗျာလေးကိုပဲ ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ဒီကဗျာလေးကို ဖတ်ပြီးသားသူတွေလည်း ပြန်လည်ခံစားစေရန် မဖတ်ရသေးသူများလည်း ပြန်လည်ခံစားနိုင်ရန်အတွက် ၂၀၁၁ မေလ ၈ ရက်နေ့မှာကျရောက်မည့် အမေများနေ့အားရည်စူးပြီး ရေမြေခြားအဝေးရောက်နေကြသော သားဆိုး သမီးဆိုးများ သားကောင်း သမီးကောင်းများအတွက် ကျနော်ရဲ့ ကဗျာလေးနဲ့ ထပ်တူမဟုတ်တောင် တချို့တ၀က် တိုက်ဆိုင်လိမ့်မည် ခံစားရလိမ့်မည်လို့ယူဆပါတယ် ဒီကလေးဖတ်ပြီး ခံစားမှုတခုခုရရှိခဲ့မယ်ဆိုရင် ကျေနပ်ပါပြီ။ ကမ္ဘာရဲ့ အရပ်ရပ်မှာ ရှိနေကြသော အမေများအားလုံး အနှောင်အဖွဲ့ကင်းစွာနဲ့ ကျန်းမာပျော်ရွှင် ချမ်းမြေ့ကြပါစေ.....။





“ကျေးဇူးတော်မေမေ”…


မေမေ


ဆောင်းတစ်ခုမဟောင်းခင်


နှစ်သစ်တစ်ခု မကူးခင်ပေါ့


နှင်းဖြူဖွေးဖွေးလွှလွှ


ရင်ထဲမှာလွမ်းမောရပါတယ် …မေမေ




ကျွန်တော်ဟာ ငှက်တစ်ကောင်ဆိုရင်


စာကလေးဖြစ်ဖြစ် သိန်းစွန်ရဲဖြစ်ဖြစ်


ကောင်းကင်မြင့်မြင့်မှာ ပျံသန်းတတ်ဖို့


အမေပေးတဲ့ခွန်အား ဘယ်လိုမုန်တိုင်းမျိုးမှ မတားနိုင်ဘူး




ကျေးဇူးတော် မေမေ


ဘ၀ဟာ ဘယ်လိုပဲမှောင်နေပါစေ


အမေဆိုတဲ့အလင်းတစ်စ


ကျွန်တော် အသိဥာဏ်ကို လမ်းပြခဲ့တယ်…




ကျေးဇူးတော် မေမေ


ဘယ်လိုနတ်ဘုရားဆီမှာမှ


လက်ဖြန်တောင်းခံလို့မရတဲ့


ခွန်အားဖြစ် နို့ရည်ကြည်အစ


အသက်ရှင်ရပ်တည်မှုအဆုံး


ဘ၀တစ်ခုလုံး ပိုင်ရှင်…


ကျေးဇူတော်မေမေ ရင်ခွင်မှာပွေ့ပိုက်


ကျွန်တော့် ၀မ်းနည်းမှုတွေရဲ့ခံတပ်ပေါ့




ကျေးဇူးတော်မေမေ


လောကနံရံဖုန်းဆိုးတစ်စ


အမေအိမ်ဟာ ဘ၀ရဲ့ အိုအေစစ်ကျတယ်…




အမေဟာ


ဝင်သက်ထွက်သက်


ကျွန်တော့်သိမှတ်မှုမှာမေ့လျှော့တတ်ခဲ့တယ်…အမေ…


ကျွန်တော်ကို ခွင့်လွှတ်ပါ..


ကျွန်တော့်ကို ခွင့်မလွှတ်ပါနဲ့…


လောကမြေကြမ်းကြမ်းတမ်းတမ်းထဲ…


အမေစိုက်ပျိုးခဲ့သမျှ ကျွန်တော် သီးပွင့်လာခဲ့ရတယ်…


ဘ၀ရဲ့ အပြည်ဝဆုံးမြေသြဇာဟာ


ကျွန်တော့်ရင်ထဲက ကျေးဇူးတော်မေမေ


ကျွန်တော်မြင့်မားနိုင်သမျှ..


မေမေက သန့်သန့်စင်စင် နက်ရှိုင်းခဲ့တယ်


ကျွန်တော်ကြီးထွားလာသမျှ…


မေမေက သန်သန်မာမာသေးသွယ်ခဲ့တယ်…


ကျေးဇူးတော်မေမေ…


ဒီတစ်ဘ၀နဲ့အမျှ.. ဘယ်လိုမှပြန်မပေးဆပ်နိုင်တဲ့


မေတ္တာတရားတွေ…


ကျွန်တော်လိုတေလေတစ်ယောက်အတွက်…


အမေအတွက်ရေးတဲ့ကဗျာ…


အမေ့အတွက်ဖတ်တဲ့ကဗျာ…


အမေ့ကိုယ်စားကျွန်တော့်ကိုအမြဲဆုံးမတယ်…


ကျေးဇူးတော်ပါ…မေမေ


ကောင်းကင်တစ်စုံကို ခူးမယ့်လက်ဟာ


မေမေ့စွမ်းအားဖြင့် ပျံသန်းမြင့်တက်ရင်း….


အမေများနေ့မှာ အမေ့အတွက် ကျွန်တော်ဆုတောင်း


ကဗျာလေးနဲ့ ပို့ချလိုက်ပါတယ် မေမေ....








"ဒါဏ်ရာရ သစ်ပင်"


လူတိုင်းလူတိုင်း.. အဝေးတနေရာမှာ

ရွာနေတဲ့“ မိုး ” ဝေနေမယ့် “ နှင်း ” တွေကို

တွေးနေကြလိမ့်မယ်။

စိတ်ကတော့ အနှောင်အဖွဲ့ကင်းစွာဝေနေတဲ့

မြူနှင်းတွေလို တစိမ့်စိမ့်နဲ့

သတိရမှုမှ အပ ဘာမှမတတ်နိုင်ခဲ့တဲ့ နေ့တွေပါ။


အမေ့ကိုလွမ်းလိုက်

သူငယ်ချင်းတွေကိုလွမ်းလိုက်

ဇာတိမြေကိုလွမ်းလိုက်

မြို့ပြင်ထုတ်ထားတဲ့

ကျောင်းတော်ကြီးကိုလွမ်းလိုက်နဲ့

သားအလွမ်းတွေတိုင်းမှာ

အမေအမြဲတမ်းပါချင်မှပါမယ်

သေချာပါတယ်...

အမေ့အလွမ်းတွေတိုင်းမှာတော့

သားအမြဲပါနေမှာပါ။

ဝေးခဲ့ကြတယ်

အလူးအလဲကိုဝေးခဲ့ကြတယ်

မကြားနိုင်အောင်ဝေးခဲ့ကြတယ်

ပြန်မဆုံနိုင်လောက်အောင်ကိုဝေးခဲ့ကြတာပါ

ဘယ်လိုသံသရာလမ်းတွေ ကွေးကောက်ခဲ့လို့ပါလိမ့်။


တချို့က ကဗျာနဲ့လွမ်း

တချို့က သီချင်းနဲ့တမ်းတ

တချို့က အတွေးနဲ့ ကြေကွဲ

တချို့က ဝေဒနာနဲ့ ရှိုက်ငင်

အမေ... အမေ.... အမေ...။


ပြန်ဆုံမယ့်တရက်

နေ၀င်နေထွက် မရေမရာနဲ့ တွက်ချက်

သေချာပါတယ်

အမေကိုလွမ်းဘူးသူတိုင်း

ဒုက္ခနဲ့ရင်ဆိုင်ကြုံဘူးလို့ဖြစ်မယ်

အမေကိုချစ်ရကောင်းမှန်းသိသိလာတယ်။


ဒုက္ခနဲ့တခါကြုံတိုင်း

ခလုပ်ထိတိုင်း

“တ”ရလွန်းလို့

လက်ညိုးညွှန်ရာ အမေဖြစ်ပါစေလို့ဆုတောင်းနေမိတယ်။


အမေ ထာဝရပျော်ရွှင်ပါစေ....

သားလတ်




လွန်တာမိရင် မာတာအဟံဝန္ဒာမိပါ အမေ

အမေဆိုတာ

သားသမီးများအတွက်

မျှဝေခံစား

သက်ဖူးအကာ လက်ဦးဆရာပါအမေ


ကျွန်မအမေ

အားလုံးရဲ့အမေ

အမေမှန်ဘိ၊ ဆင်ခြင်ကြည့်လျှင်

မရှိမဖြစ် ခွန်အားဖြစ်ပွား

ကြီးကျယ်ခမ်းနား သမုဒ္ဒရာပင်လယ်

သားသမီးတို့ရဲ့ ရှေ့ဆောင်

ဂုဏ်ရှိန်သြဇာ စဉ်ထွန်းပြောင်

မျက်နှာသာကြည် လရောင်ပမာ

အမြဲရွှင်ပြုံး

ကောင်းဆိုးကိုပင် ကြံ့ကြံ့ခိုင်၍

မမှောင်အလင်း အရောင်ဆင်းနဲ့

မှားခြင်း မှန်ခြင်း အမြင်ရှင်းအောင်

ကောင်းခြင်းပေးဝေ အို... အမေ

သက်တော်ရာကျော် ရှည်ပါစေ....






"အမေများနေ့ အမှတ်တရ"


အမေမရှိသည့်အိမ် ရွှေအတိဆင်စေဦးတော့

အမြင်သာအသွင်ဆန်းပေလိမ့်

နန်းတော်ကြီးအရုပ်အိမ်....။

(အမည်မသိ)


အမေရယ် နောက်ဆုံးစကားအကုန်ပြောရရင်

အမေ...အမေ...အမေဟာ မိန်းမရွှင်တစ်ယောက်ဖြစ်နေပါစေ...

အမေဟာ အမေပါပဲ...။

(ဦးသုခ)


ရင်နှင့်လွယ်သွားတဲ့ အမေ....

သွေးနို့စက်များ တိုက်ကြွေးသွားတဲ့ အမေ...

ဝါးဖတ်တော် ကဆီအနှစ် ခွံကြွေးဖြစ်ခဲ့တဲ့အမေ....

ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်မှသည်

ယနေ့ထိတိုင် ပြုစုယုယခဲ့သည့်အမေ..

မွေးမေ့ကျေးဇူး အထူးသိတတ်

သားကောင်းသမီးမြတ်များ ဖြစ်ကြပါစေ...


No comments:

Post a Comment

ဒီစာမျက်နာကိုPrint ချင်ရင် နိုင်ငံတကာ ဖုန်း Dialing Code ရှာရန် နိုင်ငံတကာ ဒေါင်လာဈေးမေးရန် အမေရီကန် ဒေါင်လာ မှ တခြားနိုင်ငံ ငွေဈေးမေးရန်