{Matupi, Southern Chin State of Myanmar } Bungtla Waterfall is the longest waterfall in Chin State, falls near Matupi, 16 miles away from Matupi. The height of Bungtla waterfall is over 3500 ft and it falls by 9 levels. In Chin State, Bungtla waterfall is one the most famous natural resources. Even though Bungtla is flowing in nine levels it is available one 5 levels to go. The rest 4 levels are almost impossible to reach. None of tourists have been arrived Bungtla Waterfall. We will take you there one day as soon as. http://youtu.be/44dDZ1hkB2o http://www.panoramio.com/photo/46861327
Thank You For Visit မလာလည်ကြတဲ့ကျေးဇူး ကြိုဆိုပါတယ်
ဒီWebsite ကိုအလွတ်တကူနဲ့သွားချင်ရင် Tool Bar ကိုအောက်မှာဒေါင်းပါ
Installလုပ်နည်းမသိသူများ ဒီမှာသွားပါ ကျွှန်တော်ရဲ့ Toolbar မှာMyanmar သီချင်း Radio(APYTZ Radio) ကိုပါတစ်ခါတည်းထဲထားပါတယ်။

နှလုံးသားအာဟာရများ(ဖေမြင့်)


၁"ဘာအရေးကြီးဆုံးလည်း"


လွန်ခဲ့သော နှစ်အနည်းငယ်က ဆီယက်တဲလ်မြို့တွင် အထူးအိုလံပစ်ပွဲတစ်ပွဲ 
ကျင်း

ပသည် ။ သည်အထဲက မီတာတစ်ရာ ပြေးပွဲတစ်ခုတွင်ယှဉ်ပြိုင်သူ ကိုးဦး 

ပါဝင်သည် ။

တာလွှတ်မည့်နေရာတွင် တန်းစီနေကြသည့် ယင်းပုဂ္ဂိုလ် ၉ ဦးလုံးက ကိုယ်

အင်္ဂါမသန်မစွမ်းသူ သို့မဟုတ် ဥာဏ်ရေချို့ယွင်းသူများချည်းဖြစ်၏။

တာလွှတ်ဒိုင်က သေနတ်ဖောက်လိုက်သည့်အခါ အားလုံးပင်စ၍ပြေးကြသည်။

တစ်ရှိန်ထိုး တာထွက်ခြင်းမျိုး မဟုတ်သော်လည်း အားလုံးပင် သူ့ထက်ငါ ပန်းတိုင်အရင်

ရောက်အောင် အားပါးတရပြေးကြခြင်းဖြစ်သည် ။

သို့သော် ကောင်လေးတစ်ယောက်က အားလုံးထဲမှခြွင်းချက်ဖြစ်နေသည် ။ သူ

က ကတ္တရာပြေးလမ်းပေါ် လဲကျသည် ။ နှစ်ကြိမ်ဆက်တိုက် လဲကျပြီးသည့်နောက်တွင်

သူ ဆက်မပြေးပဲ အော်၍ငိုလေသည် ။

ကောင်လေးငိုသံကြားသောအခါ ပြေးနေသူရှစ်ယောက်စလုံး အရှိန်သေသွား

သည်။ အဲ့ဒီနောက် အားလုံးပင်ရပ်လိုက်ကြကာ နောက်ဘက် ပြန်လှည့်လာသည်။ လဲနေ

သောကောင်လေးဆီသို့ တစ်ယောက်မကျန် ပြန်လာကြခြင်းဖြစ်သည်။

ဒေါင်းဆင်ဒရုန်း ရောဂါကြောင့် ဥာဏ်ရေချို့တဲ့ နေသည့်ကောင်မလေးက လဲ

ကျနေသော ကောင်လေးအား၊ ဦးစွာငုံ့၍ နမ်းလိုက်ပြီးနောက် ထူပေးလိုက်သည်။ သည့်

နောက် ကိုးယောက်လုံးခြင်းချိတ်ကာ ပန်းတိုင်ဆီသို့ အတူတကွချီတက် သွားကြသည်။

ပရိတ်သတ်အားလုံးလည်း ထရပ်ပြီး လက်ခုပ်သြဘာသံများဖြင့် ချီးမြှင့်ကြရာ

ဆယ်မီနစ်မျှ သောသောညံ သွားလေသည် ။


အမည်မသိ စာရေးသူ ၏ What' Really Important

ဖေမြင့် ဘာသာပြန်သည် ။
---------------------------------------------------------------------------


              ၂။ ပြတင်းပေါက်



တစ်ခါက ဆေးရုံကြီးတစ်ရုံရှိ လူနာခန်းကျဉ်းလေး တစ်ခုတည်းမှာ ကျွန်တော်နှင့်နောက်

ထပ်လူနာတစ်ယောက်နှင့် နှစ်ယာက်တည်းသာရှိကြသည်။ သူလည်း ကျွန်တော့်လို အသည်းအသန် ရောဂါ

ခံစားနေရသော လူနာဖြစ်သည်။ အခန်းလေးကကျဉ်းပြီး အပြင်ကိုကြည့်စရာ ပြတင်းပေါက်တစ်ခုသာ

ရှိလေသည် ။

ဟိုဘက်လူနာသည် သူ့အဆုတ်ထဲကရေတွေကို ပိုက်နှင့်စုပ်ထုတ်ရတာကို အကြောင်း

ပြု၍ တစ်နာရီခန့်ထိုက်ခွင့်ရသည် ။ သူကပြတင်းပေါက်အနီးမှာ ရှိနေသည် ။ ကျွန်တော်ကတော့ တချိန်လုံး

ပက်လက်လှန်ကာ စန့်စန့်ကြီးလှဲနေရသည် ။

နေ့လည်နေ့ခင်းတိုင်း ပြတင်းပေါက်အနီးရှိလူနာက ခုတင်မှာ ခေါင်းအုံးတွေဆင့်ကာ

ကျောမှီ၍ ထိုင်ခွင့်ရသည့်အချိန် ပြတင်းဘက်ဆီ၌ သူလှမ်းမြင်ရသည့်အရာတွေကို ကျွန်တော်အားပြောပြ

လေ့ရှိသည် ။ သူက ပြတင်းပေါက်ကိုလှမ်းကြညိ့ရင်း ...

အပြင်မှာ ပန်းခြံကြီးတစ်ခုမြင်ရသည်ဟု ဆိုသည်။ အဲသည်အထဲမှာ ရေကန်ကြီးတစ်

ကန်ရှိသည်။ ရေကန်ထဲမှာ ဘဲတွေ ငန်းတွေရေကူးနေသည်။ ကလေးများ သူတို့ကို ပေါင်မုန့်တွေပစ်ကြွေးကြ

သည်။ ကလေးအချို့က လှေကလေးတွေစီးနေကြသည်။ ချစ်သူစုံတွဲတွေ သစ်ပင်ကြီးများအောက် လက်ချင်း

တွဲပြီး လမ်းလျှောက်နေကြသည် ။ ပန်းတွေက ဝေေ၀ဆာဆာပွင့်နေကြသည်။ မျက်ခင်းစိမ်းစိမ်းက အပြန့်

ကျယ်လှသည်။ အဲသည်မှာ ဘောလုံးပျော့ ( ဆော့ဘော )ကစားနေကြသူတွေလည်းမြင်ရသည်။

ဟိုးအဝေးဆီ၌မူ သစ်ပင်များထိပ်ဖျားမှ ထိုးထွက်နေသည့် တိုက်တာအိမ်ရာများ ။ထို့

နောက်၌ပြာလဲ့သော မိုးကောင်းကင်။ အဲ့ဒါတွေကို သူက ခရေစေ့တွင်းကျ ပြောပြတာကို၊ ကျွန်တော်က နား

ထောင်ကာ ကိုယ်တိုင်ကြည့်ရသလောက် အရသာတွေ့လျက်ရှိသည်။

ကလေးတစ်ယောက် ရေထဲလိမ့်ကျတော့မလို ဖြစ်သွားတာ ၊ နွေရာသီ ၀တ်စုံသစ်

တွေနှင့် မိန်းကလေးတွေ အရမ်းလှပနေကြတာ စသဖြင့် အပြင်လောကမှာ ဖြစ်ပျက်နေပုံ အလုံးစုံကို ကျွန်

တော့်စိတ်ထဲ အသေးစိတ်မြင်ခွင့်ရနေသည်။ သည်လိုနေရင်း သာယာသော နေ့လည်ခင်းတစ်ခုမှာ ကျွန်

တော့်ခေါင်းထဲ အတွေးတစ်ခုဝင်လာသည်။ ဟိုလူနာမှာ ပြတင်းပေါက်နားမှာနေပြီး အပြင်လောက ရှုခင်းစုံကို

စိတ်တိုင်းကျ ကြည့်ခွင့်ရနေသည်။ ကျွန်တော့်ကိုတော့ ဘာကြောင့်အဲသည်နား ထားမပေးသလဲဟူသော အ

တွေး ဖြစ်သည်။

ဒီလို သေးသေးသိမ်သိမ် တွေးမိခြင်းအတွက်လည်း ကိုယ့်ကိုကိုယ် ရှက်နေသည် ။

သို့သော် သည်အတွေးကို ဖျောက်နေသည့်ကြားမှ သူနှင့် နေရာချင်းလည်းချင်စိတ်က ပြင်းပြသထက် ပြင်းပြ

နေသည်။ ဘယ်နည်းနဲ့ဖြစ်ဖြစ် လဲရမှဖြစ်မည် ဆိုတာမျိုးအထိ တွေးမိလာသည်။

တစ်ညမှာတော့ ကျွန်တော် မျက်နှာကြက်ကို ငေးကြည့်နေစဉ် ဟိုလူနာက ရုတ်တ

ရက် ချောင်းတွေဆိုးသည်။ ချောင်းဆိုးရင်းသီးလာသည် ။ သူနာပြုဆရာမကို အရေးပေါ်ခေါ်သည့်အချက်

ပေးခလုတ်ကိုနှိပ်ရန် သူ့လက်က စမ်းတ၀ါးဝါး လိုက်ရှာနေသည်။

ကျွန်တော် သူ့ကိုမကူညီမိ ၊ လှုပ်ပင် မလှုပ်ရှား ။ သူ အသက်ရှူသံ ရပ်သွားသည်အ

ထိ စောင့်ကြည့်နေသည်။ နောက်နေ့မနက်မှာ ဟိုလူနာ သေဆုံးနေကြောင်းတွေ့ရှိကာ အလောင်းကို တိတ်

ဆိတ်စွာပင် သယ်ယူသွားသည်။ အခြေနေတွေငြိမ်လောက်မှ ကျွန်တော်က ပြတင်းပေါက်အနီးရှိ ခုတင်သို့

ပြောင်းပေးနိုင်မလားမေးသည် ။ သို့နှင့်ပြောင်းပေးကြသည် ။ သက်သောင့်သက်သာဖြစ်အောင် နေရာချပေး

သည်။ သပ်သပ်ရပ်ရပ်လည်း ပြင်ဆင်ထားသိုပေးသည်။

သူနာပြုထွက်သွားသည်နှင့် တပြိုင်နက် တံတောင်တစ်ဖက်ပေါ်တွင် အားပြုကာ

ကျွန်တော် ကြိုးစား၍ထသည် ။ နာကျင်မှုဝေဒနာကို ကျိတ်မှိတ်ခံစားကာ ခဲယဉ်းပင်ပန်းစွာထူမပြီး ပြတင်း

ပေါက်အပြင်သို့ လှမ်းကြည့်သည်။

အပြင်၌ နံရံတံတိုင်း တစ်ခုသာ ကျွန်တော် မြင်ရလေသည် ။ ။

အမည်မသိ စာရေးသူ၏ The Window

ဖေမြင့် ဘာသာပြန်သည် ။

---------------------------------------------------------------------

    ၃။ ဘယ်လောက်ချမ်းသာရင် ဇိမ်နဲ့ နေနိုင်မလဲ


ဇိမ်ခံရွက်သင်္ဘောနှင့် အပန်းဖြေခရီးထွက်လာသည့် လုပ်ငန်ရှင်သူဌေးကြီးတစ်

ယောက်က ပင်လယ်ကန်းရိုးတန်း တစ်နေရာတွင် လမ်းလျှောက်ရင်း ၊ တံငါသည်တစ်

ယောက်က လှေနံဘေးမှာ အေးအေးဆေးဆေး လှဲကာ ဆေးတံကိုခဲနေသည်ကို တွေ့ ရ

လေသည် ။

သူ့ ပုံစံကိုကြည့် ကာ သူဌေးကြီးစိတ်ပျက်သွားကာ ဂရုဏာဒေါသောနှင့်မေး

သည် ။ `` မင်း ဘာလို့  ငါးဖမ်းမထွက်ပဲ ဒီမှာ ထိုင်နေရတာလည်း ´´ ၊ `` မနက်အစောကြီး

တည်းကပဲ တစ်နေ့ စာဖမ်းလို့ ရပြီဗျ ´´ တံငါသည်က ဖြေသည် ။

`` ဟ ဒါဆို နောက်ထပ်မဖမ်းတော့ ဘူးလား ´´

`` ဖမ်းပြီး ဘာလုပ်ရမှာလည်း ´´

`` ထပ်ဖမ်းတော့ ရောင်းစားရင် ပိုက်ဆံပိုရမှာပေါ့ကွ ၊ ပိုက်ဆံများများရရင် မင်းလှေမှာ

စက်တပ်လို့ ရမယ် ၊ စက်နဲ့ ဆိုရင် ပင်လယ်ထဲ အဝေးကြီးထွက်နိုင်မယ်၊ အဲဒီအခါ ငါးတွေ

ပိုရမယ် ၊ အဲဒါတွေကိုရောင်းပြီး ပိုက်ဆံစုရင် မင်း နိုင်လွန်ပိုက်ဝယ်နိုင်မယ် ၊ နိုင်လွန်ပိုက်

ဝယ်နိုင်မယ် ။

နိုင်လွန်ပိုက်နဲ့ ဆိုတော့  ငွေပိုရပြီး ၊ စက်လှေ တစ်စီးကနေ နှစ်စီးဖြစ်လာမယ်၊

ဒိထက်အမြောက်အမြားလဲဖြစ်လာနိုင်တယ်၊ အဲဒီအခါ မင်း ငါ့လိုသူဌေးတစ်ယောက်

ဖြစ်လာမှာပေါ့ကွ"

သူဌေးကြီးက ကြီးပွားရေးလမ်းကြောင်းကို တွက်ပြသည်။

" အဲဒီအခါကျ ကျွန်တော်က ဘာလုပ်ရမှာလဲ၊ "

" အဲဒီခါ မင်း ငါ့လို အေးအေးဆေးဆေး ဇိမ်နဲ့နေနိုင်မှာပေါ့ကွ၊ "

" သြ၊ ကျွန်တော် အခုကော ဘာလုပ်နေတယ်ထင်လို့လဲ၊ " ။ ။

Anehony DeMello ၏ How Mach Is Enough

ဖေမြင့် ဘာသာပြန်သည် ။

-----------------------------------------------------------------

      ၄။မေတ္တာ ငတ်မွတ်လို့  သေဆုံးနေရသူတွေ


ဒီနေ့  ကမ္ဘာမှာ

အကြီးကျယ် အဆိုးဝါးဆုံး ရောဂါဟာ

တီဗီလည်း မဟုတ်ဘူး ၊

အနာကြီးရောဂါလည်း မဟုတ်ဘူး ။

နှစ်သက်လိုလားသူ မရှိတာ ...

မေတ္တာထားခြင်း ၊ ကြည့် ရှုစောင့်ရှောက်ခြင်း ကင်းမဲ့ တာ၊

ပေယျာလကန် အပြုခံရတာတွေပါ ။

ကိုယ်ကာယ ရောဂါတွေကို

သာမန်ဆေးဝါးများ ပေးလို့ ရပေမယ့် ၊

အထီးကျန်ခြင်း

စိတ်ပျက်အားလျော့ခြင်း

မျှော်လင့်ချက် ကုန်ဆုံးခြင်း ဝေဒနာတွေကိုတော့

မေတ္တာ တရားနဲ့ သာ ကုစားနိုင်ပါတယ် ။

ဒီနေ့ ကမ္ဘာမှာ

ပေါင်မုန့် တစ်ဖဲ့ အတွက် အသက်ငင်နေသူတွေ

အမြောက်အမြား ရှိနေတာ မှန်သလို

မေတ္တာ အကြင်နာလေး

နည်းနည်းမှ မခံစားရလို့ 

သေဆုံးကြမယ့် လူတွေကလည်း

ဒုနဲ့ ဒေး ပါ ... ။ ။

( မာသာ ထရီဇာ )
----------------------------------------------------------------------


၅။ အဖေ နဲ့  ကျွန်တော် ( ဆရာ ဖေမြင့် )

အဖေနဲ့  ကျွန်တော်
အတွေ့ အကြုံ ဆိုတာ ...

အရက်စက်ဆုံး

အကြမ်းကြုတ်ဆုံးဆရာပဲ ၊

ဒါပေမယ့်  အဲ့ ဒီက သင်ခန်းစာ ယူစမ်းပါ ၊

ယူဖြစ်အောင် ယူပါ ။

( စီ၊ အက်( စ် )၊ လူးဝစ် )

စပိန်ပြည်တောင်ပိုင်း အက်စ်တီပိုနာ ဆိုသည့် နေရာလေးမှာ ကျွန်တော်ကြီး

ပြင်းခဲ့ သည်။ ကျွန်တော် အသက် ၁၆ နှစ်အရွယ် တစ်မနက်မှာ၊ အဖေက သူ့ အား ၁၈

မိုင်လောက်အကွာမှာရှိသည့်  မီဂျား( စ် ) ရွာသို့  ကားမောင်းပို့ ခွင့် ပေးသည်။ အဲဒီလိုခွင့် 

ပေးခြင်းအတွက် ကျွန်တော်က ကားကိုအနီးရှိ ၀ပ်ရှော့ တစ်ခုမှာ ရေဆေး၊ ဆီထိုး လုပ်

ပေးရန်ပါ တာဝန်ယူရသည်။

အဲသည်တုန်း ကျွန်တော် ကားမောင်းတတ်စ၊ ကားကိုကိုင်တွယ်သုံးစွဲခွင့် လည်း

သေသေချာချာ မရသေးသည့် ကာလဖြစ်ရာ၊ အဖေပြောတာကို ကျွန်တော် အလျှင်အမြန်

ခေါင်းညိတ်ဖြစ်ခဲ့ သည် ။

ကျွန်တော် အဖေ့ ကို မီဂျား( စ် ) သို့  ကားမောင်းပို့ သည်။ သည့် နောက်ည

နေ ၄ နာရီတိတိမှာပြန်လာကြိုမယ်ဟု ကတိပေးပြီး ၀ပ်ရှော့ ရှိရာတန်းသွားကာ ကား

ကို အပ်သည်။ အဲသည်နောက် အချိန်လေး အနည်းငယ်ပိုနေသဖြင့်  ၀ပ်ရှော့အနီးရှိ ရုပ်

ရှင်ရုံမှာ ရုပ်ရှင်တစ်ကားနှစ်ကားကြည့် မည်ဟု ဆုံးဖြတ်ပြီး ရုံထဲဝင်ကာကြည့်နေ

လိုက်သည်။ ဇာတ်လမ်းများထဲ ကျွန်တော် မျောပါကာ အချိန်ဘယ်လောက်ကြာမှန်း

မသိ ဖြစ်သွားသည်။ နောက်ဆုံးကားကြည့် ပြီး နာရီကြည့် လိုက်သည့် အခါ ၆ နာရီထိုး


နှစ်နာရီတိတိ ကျွန်တော်နောက်ကျသွားသည် ။

ရုပ်ရှင်ကြည့် နေ၍ နောက်ကျမှန်းသိလျှင် အဖေ အကြီးအကျယ် ဒေါသ၏ထွက်

တော့ မည်။ ကျွန်တော့ ကိုလည်း ဘယ်တော့ မှကားမောင်းခွင့်ပေးမည်မဟုတ် ။ ထို့ 

ကြောင့် အဖေ့အား ကားမှာပြင်စရာတွေရှိနေ၍ ၀ပ်ရှော့ ကလူတွေ အချိန်အကြာကြီး

လုပ်ကိုင်နေရကြောင်း၊ ပြောရန်စဉ်းစားပြီ လာခဲ့ သည်။

အဖေနှင့် တွေ့ ရန် ချိန်းထားသည့် နေရာသို့ ရောက်သည့် အခါ စိတ်ရှည်လက်

ရှည်ပင် အဖေ စောင့် နေတာတွေ့ ရသည်။

နောက်ကျသည့် အတွက်တောင်းပန်ကြောင်း၊ တတ်နိုင်သမျှ အမြန်ဆုံးလာခဲ့

ကြောင်း ၊ ၀ပ်ရှော့ မှာ ကြီးကြီးမားမားပြင်ရတာတွေ ရှိသဖြင့် အကြာကြီးဖြစ်နေရကြောင်း

ကျွန်တော်ပြောလိုက်သည့် အချိန်၊ ကျွန်တော့် ကိုလှမ်းကြည့် လိုက်သည့်  အဖေ့၏ အ

ကြည့် ကို ကျွန်တော့် တစ်သက်မေ့နိုင်မည်မဟုတ် ။

`` ဂျေဆင် ၊ ဒီကိစ္စ အဖေ့ကိုလိမ်ပြောမှဖြစ်မယ်လို့  မင်းသဘောထားတာ

အဖေ စိတ်မကောင်းဘူး သား ´´

`` ဘာဖြစ်လို့ လည်း အဖေ၊ ကျွန်တော်အမှန်အတိုင်းပြောတာပဲဟာ ´´

အဖေ ကျွန်တော့် ကိုထပ်ကြည့် ပြန်သည် ။

`` မင်းမပေါ်လာတော့  ၀ပ်ရှော့ ကို ဘာတွေဖြစ်သလဲ လှမ်းမေးတယ်၊ မင်းလာ

မယူသေးတာတဲ့ ၊ အဲဒီတော့ ကားမှာ ဘာမှမဖြစ်တာ ငါ သိပြီးသားပေါ့ ကွာ ´´

ရုတ်တရက် ရှက်ကြောက်သည့် စိတ်ဖြင့်ကျွန်တော် ထူပူ၍သွားသည်။ ရုပ်ရှင်

သွားကြည့် ၍ နောက်ကျရခြင်းဖြစ်ကြောင်း ကျွန်တော် ၀န်ခံရသည်။ ကျွန်တော့်စကား

တွေနားထောင်နေတဲ့ အဖေ့မျက်နှာမှာ ၀မ်းနည်းကြေကွဲသည့်  အရိပ်လက္ခဏာများ

ယှက်သန်းလာပြီး ...

`` အဖေ တော်တော် ဒေါသထွက်တယ်၊ အဲဒါ သားကိုမဟုတ်ဘူး၊ ကိုယ့်ကိုကိုယ်

ဒေါသထွက်တာ ဒီအရွယ်ထိရောက်လာတဲ့ သားမှာ၊ အဖေ့ကို လိမ်ပြောရမယ်ဆိုတဲ့  စိတ်

မျိုးရှိနေတာ အဖေညံ့ လို့ ပဲ၊ အဖေမွေးထာတဲ့ သားဟာ .. ကိုယ့်အဖေကိုတောင် အမှန်

အတိုင်းမပြောနိုင်တဲ့  လူတစ်ယောက်ဖြစ်နေတာ အဖေအသုံးမကျလို့ ပဲ။ ဖခင်တစ်

ယောက်အနေနဲ့  အဖေ မအောင်မြင်ခဲ့ ဘူး ၊ အခု အဖေ အိမ်ကိုလမ်းလျှောက်ပြီးပဲ ပြန်

မယ်၊ သားကို ပြုစုပျိုးထောင်ခဲ့ တဲ့  ဒီနှစ်ကာလတွေအတွင်း အဖေ ဘာအမှာတွေကျုး

လွန်ခဲ့ လည်းဆိုတာ အဖြေပေါ်တဲ့ အထိ စဉ်းစားသွားမယ် ´´

`` အဖေ ၊ ၁၈ မိုင်ဝေးတဲ့ အိမ်ကိုလမ်းလျှောက်ရမှာ ဝေးလွန်းပါတယ် ၊ ပြီးတော့ 

မှောင်လဲမှောင်နေပြီ ´´

ကျွန်တော် တောင်းပန်တာတွေ အချည်းနှီးသာ ဖြစ်ခဲ့သည် ။ အဖေ အကြီးအ

ကျယ် စိတ်မကောင်းဖြစ်အောင် ကျွန်တော် လုပ်ခဲ့ မိပြီ။ ယခုတော့ တစ်သက်တာမှာ

အထိခိုက်၊ အနာကျင်ရဆုံး သန်ခန်းစာတစ်ခု ကျွန်တော် ခံယူရတော့ မည်။

ဖုန်ထူးသော ထိုလမ်းအတိုင်း အဖေ လျှောက်သွားသည့် အခါ ကျွန်တော်

ကားပေါ်ပြေးတက်ပြီး အဖေ့နောက်က လိုက်ရသည်။ သည်မျှဆို အဖေ ရပ်လေမည်

လား၊ မျှော်လင့်ချက်ကြီးစွာ တောင်းပန်တိုးလျှိုးပြီးလိုက်လာသည် ။ အဖေ ကျွန်တော့် ကို

စကားတစ်ခွန်းမှ ပြန်မပြော ။ ၀မ်နည်းကျေကွဲပြီး တွေဝေငေးမောစွာဖြင့်သာ လျှောက်

၍သွားနေသည် ။

ကျွန်တော့် ဘ၀ တစ်သက်တာတွင် အဖေ့ကို အဲဒီလို ကိုယ်ပင်ပန်းကြီးစွာ ၊

စိတ်ပင်ပန်းကြီးစွာ ခံစားနေသည့် အနေအထားဖြင့် ... မြင်တွေ့ ခဲ့ရသည်မှာ ၊ ထိုစဉ်က

အဖြစ်လောက် ခါးသီးဖွယ်၊ ရင်နင့်ဖွယ်ကောင်းလှသော အတွေ့ အကြုံ မရှိတော့ ပါ ။

နောက်နောင်များတွင်တော့ အဖေ့ရှေ့ မှောက်၌ မမှန်သောစကားကို တစိုးတစိမျှပင်

ကျွန်တော် မဆိုဖြစ်တော့ ပါ ။ ။

Jason Bocarro ၏ A Long Walk Home

ဖေမြင့် ဘာသာပြန်သည် ။
--------------------------------------------------------------------------------

             ၆။ အဖေ


ကျွန်တော်

၎ နှစ်သားတုန်းက ငါ့ ဖေဖေကြီး ဘာမဆို လုပ်တတ်တယ် ။

၅ နှစ် ... ငါ့ ဖေဖေကြီး မသိတာ ဘာမှမရှိဘူး ။

၆ နှစ် ... ငါ့ အဖေက မင်းအဖေထက် တတ်တယ်ကွ ။

၈ နှစ် ... တို့ အဖေက အကုန်လုံးတော့ လည်း အတိအကျ မသိဘူး ။

၁၀ နှစ် ... အဖေတို့  ငယ်ငယ်တုန်းကနဲ့  အခုနဲ့ က တခြားစီပဲ ။

၁၂ နှစ် ... အင်း အဲဒါတော့အဖေလည်းဘယ်သိပါ့မလဲသူက
အသက်ကြီးပြီဆိုတော ကလေးတုန်းက အကြောင်းတွေ
မမှတ်မိနိုင်တော့ ဘူး ။

၁၄ နှစ် ... အဖေတော့  ထည့် မပြောနဲ့ ၊ သူက ရှေးရိုးသမားကြီး ။

၂၁ နှစ် ... အဖိုးကြီးလား ထားပါ ၊ အောက်နေပြီ ၊ လုံးဝ အောက်နေပြီ ။

၂၅ နှစ် ... အဖေတော့  နည်းနည်းပါးပါးသိမယ်၊ မသိလို့ လဲ မဖြစ်ဘူးလေ ၊
လူကြီးပဲဟာ ။

၃၀ နှစ် ... အဖေ့ ကို နည်းနည်းပါးပါး မေးကြည့် ရင်ကောင်းမယ်ထင်တယ်၊
ဘာပဲပြောပြောသူက အတွေ့ အကြုံ အများကြီးရှိတယ် ။

၃၅ နှစ် ... အဖေနဲ့  တိုင်ပင်ပြီးမှ ဒီကိစ္စကို ငါ တစ်ခုခုလုပ်နိုင်မယ် ။

၄၀ နှစ် ... အဖေသာဆိုရင် ဒီကိစ္စ ဘယ်လိုဖြေရှင်းမလဲ မသိဘူး
သူက အတွေ့ အကြုံစုံတယ် ၊
အမြော်အမြင်လည်း ရှိတယ် ။

၅၀ နှစ် ... ဒီကိစ္စ အခုနေသာ ဖေနဲ့  တိုင်ပင်ခွင့် ရမယ်ဆိုရင် ဘယ်လောက်
ပေးရ ပေးရငါပေးပါတယ် ၊ ဖေ့ အရည်အချင်းတွေ
သူရှိတုန်းက ကောင်းကောင်းသတိမထားမိခဲ့ တာ
သိပ်နှမြောစရာကောင်းတယ် ၊ တကယ်ဆို ငါ့ အဖေဆီက အများကြီး
ရလိုက်ဖို့ ကောင်းတယ် ။

Ann Landers ၏ My Father When I Was ...

ဖေမြင့်  ဘာသာပြန်သည် ။

-----------------------------------------------------------------------


           ၇။ တစ်ထောင့် တစ်နေရာ


ကျွန်တာ့် မိတ်ဆွေ တစ်ယောက် ...

လူသူကင်းသော မက္ကဆီကို ကမ်းခြေရဲ့  နေ၀င်ဆည်းဆာအချိန် ၊ ကမ်းခြေမှာ

သူတင်ယောက်တည်း လျှောက်သွားရင်းက ဟိုးအဝေးမှာ လူတစ်ယောက်ကို လှမ်းမြင်

နေရသည်။ နည်းနည်းနီးလာတော့  ဒေသခံတစ်ယောက်ဖြစ်ကြောင်း သတိပြုမိသည် ။

သည်လူက ကမ်းခြေသောင်စပ်မှာ ကုန်းကုန်း ကုန်းကုန်းနှင့် သွားနေရမှ တစ်စုံတစ်ရာ

ကို ငုံ့ ကောက်ကာ ပင်လယ်ရေထဲလွှင့် ပစ်သည်။ သည့် နောက် အဲလိုပဲ နည်းနည်း

လျှောက်သွားလိုက် တစ်ခုခုတွေ့ လျှင် ကောက်ယူလွှင့် ပစ်လိုက် လုပ်နေသည် ။

ကျွန်တော့် မိတ်ဆွေ သူ့ နားကိုရောက်သွားပြီး သေသေချာချာကြည့် တော့ 

လှိုင်းနှင့် ပါလာပြီး သဲသောင်ပြင်ပေါ် တင်ကျန်နေသည့်  ကြယ်ငါးတွေကို ရေထဲပြန်

ပစ်ထည့် ပေးနေချင်းဖြစ်ကြောင်း သိလိုက်ရသည်။

သည်လူ ဘာရည်ရွယ်ချက်ဖြင့်  လုပ်နေသလဲဟု သိချင်ဇောဖြင့်  “ မိတ်

ဆွေ ၊ မသိလို့ မေးပါရစေခင်ဗျာ ... အဲဒါဘာများ လုပ်တာပါလဲ ခင်ဗျာ ”

“ ကြယ်ငါးတွေ သမုဒ္ဒရာထဲ ပြန်ပို့ ပေးနေတာလေ ၊ ခင်ဗျာမြင်တဲ့ အတိုင်းပဲ .. အခု

ဒီရေကျချိန် သောင်ပြင်ပေါ် တင်ကျန်ခဲ့ တဲ့ ကောင်တွေဟာ နောက်တစ်ကြိမ် ရေတက်

ချိန်ကို အကြာကြီးစောင့် နေရမှာပေါ့ ၊ ဒါပေမဲ့  အဲဒီလောက်ကြာရင် အောက်ဆီဂျင်ပြတ်

ပြီးသေမှာပဲ ”

“ ဟုတ်ကဲ့  အဲဒါတော့  ကျွန်တော်လည်း သဘောပေါက်ပါတယ် ... ဒါပေမယ့်  ဒီကမ်း

ခြေတစ်လျှောက်မှာ ကြယ်ငါးတွေ ထောင်ချီပြီးရှိနေမှာပေါ့ ၊ အဲဒီကောင်တွေအားလုံးကို

ခင်ဗျာ ... ဘယ်လိုလိုက်ကောက်မလဲ၊ တစ်ယောက်တည်း မနိုင်ဘူးလေဗျာ ... ပြီးတော့ 

စဉ်းစားကြည့်  ဒီကမ်းရိုးတန်းတစ်လျှောက်လုံးဆိုရင် ခုလိုသဲသောင်ပြင်ပေါင်း ရာချီရှိနေ

မှာပေါ့ ၊ ဒီသောင်စပ်တိုင်းမှာရှိနေမဲ့  ကြယ်ငါးတွေဘယ်လိုလုပ်မလည်း ၊ သူ့ ဘ၀နဲ့ သူ

ဖြစ်နေမှာ၊ ခင်ဗျားတစ်ယောက်ကြောင့်  ဘာတွေ ထူးခြားပြီး ပြောင်းလည်းသွားနိုင်မှာလဲ

ဗျာ ... ”

ဒေသခံ ပုဂ္ဂိုလ်က ပြုံးသည်။ နောက်ထပ် ကြယ်ငါးတစ်ကောင် ကောက်ပြီး ...

“ တခြားကောင်တွေအတွက် မထူးခြားပေမယ့် ၊ ဟော့ ဒီကြယ်ငါးလေး တစ်ကောင်အ

တွက်တော့  ထူးခြားသွားတာပေါ့ ဗျာ ” ဟု ဆိုကာ ပင်လယ်ရေထဲ လှမ်းပစ်ထည့် လိုက်

လေတော့ သည် ။

Jack Canfield နှင့်  Mark V. Hansen တို့ ၏ One At A Time

ဖေမြင့်  ဘာသာပြန်သည် ။
------------------------------------------------------------------------------

         ၈။ နပိုလီယန် နှင့်  သားမွေးဆိုင်ရှင်


ဒေါသဖြင့် လည်း နောက်ကြောင်းပြန်မကြည့် နဲ့ ၊

ကြောက်စိတ်ဖြင့် လည်း ရှေ့ ရေး မတွေးတောနဲ့ ၊

ပညာ သတိဖြင့် သာ ... ၀န်းကျင်ကို ရှုမြင်ပါ ...

( ဂျိမ်းစ်သာဗာ )


ရုရှပြည်ကြီးကို နပိုလီယန် ကျူးကျော်တိုက်ခိုက်စဉ်ကာလ ။ မြို့ 

့ကလေးတစ်မြို့ တွင်း စစ်ခင်းကြစဉ်နပိုလီယန်နှင်သူ့နောက်လိုက်နောက်ပါ

တွေ အမှတ်မထင်လူစုကွဲသွားကြသည် ။ ရုရှ ကော့ဆက်စစ်သားတစ်စုက

သူကိုမြင်သွားပြီးနောက်ကတရကြမ်းလိုက်ကြသည် ။ ကွေ့ ကောက်သော

လမ်းသေးလမ်းသွယ်များကြားအသက်ကိုလု၍ ပြေးလာခဲပြီးလမ်းမြှောင်

တစ်ခုတည်းရှိသားမွေးထည်အရောင်ဆိုင်တစ်ဆိုင်တွင် အလစ်ဝင်ခိုသည် ။

ဆိုင်ရှင်ကို မြင်တော့  ...

`` ကယ်စမ်းပါဦးဗျာ ၊ ကယ်စမ်းပါဦး ... ကျွန်တော်ဘယ်မှာ ပုန်းရမလည်း ´´

တောင်းပန်တိုးလျှိုးသော လေသံဖြင့်  နပိုလီယန် အမောတကောမေးသည် ။

ဆိုင်ရှင်က

`` အဲဒီထောင့် က သားမွေးပုံကြီးအောက် အမြန်ဝင် ´´ ဟုဆိုပြီးနောက်

နပိုလီယန်အားအပေါ်မှသားမွေးတွေတစ်ထပ်ကြီးဖုံးပေးထားသည်။ဖုံးဖိ

ပေးရုံရှိသေး ကော့ ဆက်တွေ အခန်းထဲပြေးဝင်လာကြသည်။

`` ဘယ်မှာလဲဟေ့  ဒီဆိုင်ထဲပြေးဝင်သွားတာ ငါတို့  မြင်လိုက်တယ် ´´

ဆိုင်ရှင်ကငြင်းသည် ။
သို့ သော် သူတောင်းပန်နေသည့် ကြားကပင် ကော့ ဆက်တွေ

တစ်ဆိုင်လုံးဆွဲလွဲမွှေနောက်ကာနပိုလီယန်ကိုရှာကြသည်။သားမွေးပုံကြီး

ကိုလည်း ဓားတွေနှင့်  တစွပ်စွပ်ထိုးကြည့် ကြသည် ။ မတွေ့ ၊ နောက်ဆုံး

သူတို့  လက်လျှော့ ပြီးပြန်သွားကြသည် ။

အတော်ကြာမှ နပိုလီယန် သားမွေးပုံအောက်မှ တွား၍

ထွက်လာသည် ။သူဘာဒဏ်ရာမှမရခဲ့  ။ သည်အခိုက်မှာပင် သူ့ 

ကိုယ်ရံတော်တွေ ဆိုင်ဝရောက်လာသည်။သည်အချိန် သားမွေးဆိုင်ရှင်က

နပိုလီယန်အားကြည့် ကာ မရဲတရဲနှင့် မေးသည် ။

`` ဒီလောက်ကြီးကျယ်တဲ့  ပုဂ္ဂိုလ်ကြီးကို အားမနာပါးမနာ မေးတယ်လို့ 

သဘောမထားပါနဲ့ ခင်ဗျာ ... သားမွေးပုံအောက်ရောက်နေတဲ့ အချိန်၊

နောက်တခဏမှာ အဆုံးစီရင်ခံရနိုင်တယ်လို့  သိရချိန်မှာဘယ်လို

ခံစားရသလဲ ခင်ဗျ ´´

နပိုလီယန် ဆတ်ခနဲ့ မတ်မတ်ရပ်လိုက်ပြီး သားမွေးဆိုင်ရှင်အား ဒေါသနှင့်

ပြောသည် ။

`` ငါလို ဧကရာဇ်တစ်ယောက်လုံးကို မထီလေးစားမေးရသလား၊

ရိုင်းပြတဲ့  ဒီသတ္တ၀ါကိုဖမ်း၊မျက်နှာကိုပုဝါစီးပြီးသုတ်သင်လိုက်စမ်း။

ငါကိုယ်တော်မြတ်ကိုယ်တိုင် ဒီကောင့် ကို ပစ်မိန့် ပေးမယ် ´´

ကိုယ်ရံတော်တွေလဲ သားမွေးဆိုင်ရှင်အား ၀ိုင်းချုပ်ပြီး

တရွတ်ဆွဲခေါ်သွားကြသည် ။ သူ့ ကိုနံရံမှာ ရပ်စေကာမျက်နှာကို

ပုဝါစည်းသည်။သားမွေးဆိုင်ရှင်သည် ဘာကိုမှမမြင်ရ ။ သို့ သော်

စစ်သားတွေတန်းစီသံ ၊ပစ်ခတ်ရန်အတွက် ရိုင်ဖယ်သေနတ်များ

ပြင်ဆင်ကြသံများကိုသူကြားနေရသည် ။ လေတိုးသဖြင့်  သူ့ ကိုယ်ပေါ်မှ

အ၀တ်အစားတွေ လှုပ်ခတ်သွားတာ ၊ ပါးပြင်က အေးစက်သွားတာ ၊

ပြီးတော့ သူ့ ဒူးတွေ တဆတ်ဆတ်တုန်နေတာတွေလည်း

သူသတိပြုမိနေသည် ။

ထို့ နောက် နပိုလီယန် လည်ချောင်းရှင်းလိုက်ပြီး တဆင့် ချင်း

အမိန့် ပေးသံ သူကြားရသည် ။ လောလောဆယ် သူ သိမှတ်နေရသည်

်အကြားအာရုံ ၊ အထိအတွေ့ အာရုံကလေးပင် အချိန်အနည်းငယ်အတွင်း

သူ့ ထံမှထာဝရ နှုတ်ပယ်ခြင်းခံရတော့ မည်ဟူသည် ကိုတွေးမိကာအမျိုးအမည်

မဖော်ပြနိုင်သော ဝေဒနာတစ်ခု သူ့ ကိုလွှမ်းမိုးလာပြီး ပါးပြင်ပေါ်သို့ 

မျက်ရည်တွေစီးကျလာသည် ။

အတော်ကြီးကြာအောင် တိတ်ဆိတ်ငြိမ်သက်ပြီးနောက်တွင်

သူ့ အနီးသို့ ချဉ်းကပ်လာသည့် ခြေသံကို သားမွေးဆိုင်ရှင်ကြားနေရသည် ။

ထို့ နောက် သူ့ မျက်နှာမှာစီးထားသည်အ၀တ်ကိုဖြေပေးသည်။

ရုတ်တရက်တိုးဝင်လာသည့်  နေရောင်ကြောင့်  သူ့ အမြင်အာရုံတွေ

မသဲကွဲသေး၊ သို့ သော် မှုန်ရီဝိုးဝါးဖြစ်နေသည့် ကြားကပင် သူ့ အားဖောက်

ထွင်းမတတ် စူးစိုက်ကြည့် နေသည့်  နပိုလီယန်၏ မျက်လုံးအစုံကို
ို
သူမြင်ရသည် ။သည်မျက်လုံးများက သူတစ်ကိုယ်လုံးကိုတစ်ထောင့်

တစ်ဌာနမကျန်အသေးစိတ် ဖော်ထုတ်သိမြင်သွားသည့် ဟန်ပင် ။

သည့် နောက် နပိုလီယန်က လေသံအေးအေးနှင့် ပင် ပြောလိုက်သည် ...

`` ကဲ ... အခုတော့ မင်း သိပြီမဟုတ်လား `` တဲ့  ။

Steven Andreas ၏ Napoleon and the Furrier

ဖေမြင့်  - ဘာသာပြန်သည် ။
----------------------------------------------------------------------------------

           ၉။ ဆပ်ကပ်

လူကောင်းတစ်ယောက်ရဲ့  ဘ၀မှာ

အကောင်းဆုံး အစိတ်အပိုင်းဆိုတာ

မကြီးကျယ်တဲ့ ၊ အမည်မဖော်တဲ့ ၊ အမှတ်တရပြုမနေတဲ့ 

အကြင်နာ၊ မေတ္တာ အပြုမူလေးများပါ ...

( ၀ီလျှံ ၀ါ့ဒ်စ၀ပ် )

ကျွန်တော် လူပျိုပေါက်အရွယ်လောက်ကသည် ။ အဖေနှင့်  ကျွန်တော် ဆပ်ကပ်

ပွဲအတွက် လက်မှတ်တန်းစီနေကြသည် ။ အတော်ကြာ စောင့် ဆိုင်းပြီးသည့်  နောက်တွင်

လက်မှတ်ပေါက်နှင့်  ကျွန်တော်တို့ ကြားမှာ မိသားစုတစ်ခုသာ ကျန်လေသည် ။

သည်မိသားစုကိုကြည့် ပြီး ကျွန်တော် သဘောကြနေမိသည် ။ ကလေးချည်း ရှစ်

ယောက်ပါသည် ။ တစ်ယောက်မှ ၁၂ နှစ်ပြည့် ပုံမရ ။ သူတို့ အသွင်အပြင် ကြည့် ရုံဖြင့် ပင်

ငွေကြေး ပြည့် ပြည့် စုံစုံထဲက မဟုတ်ကြောင်း သိနိုင်သည် ။ အ၀တ်အစားတွေက အဖိုးတန်

ထဲကမဟုတ် ။ သို့ သော် သပ်သပ်ရပ်ရပ်ရှိသည် ။ ကလေးတွေက အမူအရာယဉ်ကျေးသည် ။

မိဘများနောက်မှာ နှစ်ယောက်တတွဲ လက်ချင်းချိတ်ပြီး တန်းစီနေကြသည် ။

သို့ သော် နှုတ်ကမူ ညဘက်တွင်သူတို့ ကြည့် ရမည့်  ဆပ်ကပ်လူပြက်များ၊ ဆင်

လိမ္မာများနှင့်  အခြားပြကွက်များအကြောင်းကို အားတက်သရော ပြောဆိုနေကြသည် ။ သူ

တို့ လေးတွေခမျာ ဆပ်ကပ်ကြည့် ဖူးကြဟန်မတူ ။ သည်ညတော့  သူ့ တို့ ဘ၀မှာ တကယ့် အ

မှတ်တရည ဖြစ်တော့ မည့် ပုံမျိုး ။

အဖေ နှင်အမေက အုပ်စုထိပ်တွင် ၀မ်းမြောက်ဂုဏ်ယူသည့် အသွင်အပြင်များဖြင့် 

ရပ်နေကြသည် ။ ကလေးတွေ၏မိခင်က ခင်ပွန်းသည်၏လက်ကိုကိုင်လျှက် သူ့ မျက်နှာကို

ရွှန်းရွှန်းစားစား ကြည့် နေပုံမှာ ` မေ့ ချစ်သူ လူစွမ်းကောင်းကြီး ´ ဟုနှုတ်ခွန်းဆက်နေဘိအလား

အထင်ကြီးမှု ၊ လေးစားမှု လက္ခဏာတွေအပြည့် ပါသည် ။

ခင်ပွန်းသည်ကလဲ ` အားကိုးစမ်းပ့ါအချစ်ရယ် ´ ဟု ခွန်းတုံ့ ပြန်နေသည့် နှယ်၊ ဂုဏ်

ယူသောအပြုံးနှင့်  ချစ်ကြည်နှုးစွာ ကြည့် သည် ။ သည်အခိုက် လက်မှတ်ရောင်းသည့် အမျိုးသ

မီးက လက်မှတ်ဘယ်နှစ်စောင်ယူမလဲ လှမ်းမေးသည် ။

`` ကျွန်တော် ကလေးလက်မှတ်ရှစ်စောင်နဲ့  လူကြီးလက်မှတ် နှစ်စောင် လိုချင်ပါတယ် ... အဲဒါ

မှ ကျွန်တော်တို့  တစ်မိသားစုလုံး ကြည့် လို့ ရမှာ ´´ သူက တက်တက်ကြွကြွပင် ဖြေသည် ။

အမျိုးသမီးကလက်မှတ်ခ နှုန်းထားများကို လှမ်းပြောသည် ။ ဇနီးသည်က သူ့ ခင်ပွန်း

သည်လက်ကို လွှတ်ချလိုက်ပြီး ခေါင်းလည်းငုံ့ သွားသည် ။ အမျိုးသမီး၏ နှုတ်ခမ်းတွေ တဆတ

ဆတ်တုန်လာသည် ။ သူ ရှေ့ သို့ အနည်းငယ်တိုးကာ ... `` ဘယ် ... ဘယ်လောက် ´´ ဟု ထပ်

မေးလိုက်သည် ။

လက်မှတ်ရောင်းသော အမျိုးသမီးကလည်း ဈေးနှုန်းကို ထပ်ပြောသည် ။ အဖေလုပ

သူမှာ ပိုက်ဆံ အလုံအလောက်မပါ ။ သို့ သော် ဒီအချိန်ကျမှ ကလေးတွေကို `` အဖေ့ မှာပိုက်ဆ

အလုံအလောက် မပါလို့  သည်ညဆပ်ကပ်ကြည့် နိုင်မှာ မဟုတ်ဘူး ´´ ဟု သူဘယ်သို့ ပြောထွက်

နိုင်မှာမဟုတ် ။

အဖြစ်အပျက် အလုံးစုံကိုမြင်ကာ ကျွန်တော့် အဖေ အင်္ကျီအိတ်ထဲလက်နှိုက်သည်၊

ဒေါ်လာ ၂၀ တန်တစ်ရွက်ထုတ်လာပြီး မြေကြီးပေါ် အသာပစ်ချသည် ။ ( ကျွန်တော်တို့ လည်း ..

ချမ်းသာသော သူများမဟုတ်ကြောင်း ကြားဖြတ် ပြောလိုပါသည် ) ထို့ နောက် အဖေပဲ သည်ပိုက်

ဆံကိုပြန်ကောက်ကာ ကလေးများဖခင် ပခုံးကို သွားပုတ်ကာ ပြောသည်။

`` ဒီမှာခင်ဗျ .. စောစောက ခင်ဗျား အိတ်ထဲက ထွက်ကျသွားတာတွေ့ လိုက်လို့  ´´

အဖေ ဘာလုပ်သည်ဆိုတာ ထိုပုဂ္ဂိုလ် ကောင်းစွာနားလည်လိုက်ပါသည်။ ဘယ်သူ့ ဆီ

မှာမှ သူ လက်ဖြန်တောင်းခံခဲ့ သည်မဟုတ်၊ သို့ သော် အရေးကြီးအချိန်တွင် ဖခင်တစ်ယောက်

အနေနှင့်  အရှက်ကြီးရှက်ရမည့်  အဖြစ်မျိုး ကြုံအံ့ ဆဲဆဲအချိန်တွင် မမျှော်လင့် ပဲပေါ်ပေါက်လာ

သည့်  သည်အကူအညီအတွက် သူ တကယ်ပဲကျေးဇူးတင်သွားသည် ။ အဖေ့ မျက်လုံးအစုံက
ို
ကို သူ စူးစိုက်ကြည့် သည် ။

ဒေါ်လာ ၂၀ ကိုင်ထားသော အဖေ့ လက်ကို သူ့ လက်နှင့် ဆုပ်ကိုဖျစ်ညှစ်၍ တုန်ယင်

သောနှုတ်ခမ်းများဖြင့်  ကျေးဇူးစကားဆိုသည်။

`` ကျေးဇူးတင်ပါတယ်ဗျာ ၊ တကယ့် ကို ကျေးဇူးပါ၊ ကျွန်တော်အတွက်ရော၊

ကျွန်တော့်မိသားစုအတွက်ပါ... တန်ဖိုးမဖြတ်နိုင်ပါဘူး ခင်ဗျာ ´´ သည်လိုပြောရင်း

သူ့ ပါးပြင်ပေါ်မျက်ရည်တစ်ပေါက်လိမ့် ဆင်းကျလာသည် ။

အဖေ နှင့် ကျွန်တော် ကားဆီသို့ လှည့် ပြန်ကာ အိမ်သို့ ပဲမောင်းလာခဲ့ ကြသည် ။ အဲ

ဒီည ဆပ်ကပ်ပွဲသို့  ကျွန်တော်တို့ မကြည့် ဖြစ်လိုက်ပါ ။ သို့ သော် သည်ညသည် အချီးနှီးညတော

လုံးဝ မဖြစ်ခဲ့ ကြပါ ။

Dab Clark ၏ The Circus

ဖေမြင့်  ဘာသာပြန်သည်

------------------------------------------------------------------------





         ၁၀။ မဟတ္တမဂန္ဓီ ရဲ့  ဖိနပ်တစ်ရံ

တစ်နေ့  မဟတ္တမဂန္ဒီ ကြီး ခရီးသွားရန် ရထားပေါ်အတက်မှာ သူ၏ ဖိနပ်တစ်ဖက်

ကျွတ်ပြီး အောက်ဘက် သံလမ်းပေါ် ကျသွားသည် ။ ရထားက ထွက်စပြုနေပြီဖြစ်ရာ သူ

ူလုံးဝ မကောက်ယူနိုင်တော့ ။

ဘေးလူတွေ ငေးကြည့် နေကြဆဲ ဂန္ဓီကတော့ အေးအေးဆေးဆေးပင်၊ သူ့ မှာကျန်

နေသေးသည့်  ဖိနပ်တစ်ဘက်ကိုချွတ်ကာ စောစောက ကျွတ်ကျခဲ့ သည့်  နေရာဘက်ဆီသို့ 

လှမ်းပစ်လိုက်သည် ။

`` ဟာ ... ဘာလုပ်တာလည်း ´´ ခရီးသည်တစ်ယောက်က မေးသည့် အခါ ဂန္ဓီကြီးကပြုံးပြီး

`` စောစောက ငါ့ ဖိနပ်ကို တစ်ဖက်တည်းကောက်ရမဲ့ လူက အခုတော့  တစ်ရံ ရသွားမှာပေါ့ 

ဗျာ ၊ အဲဒါဆို သူ စီးလို့ ရသွားပြီ ´´ ဟု ဖြေလေသည် ။

အမည်မသိစာရေးသူ၏ Shoes
--------------------------------------------------------------------------------

        ၁၁။ ပေးဆပ်ချင်းဆိုတာ

ပေါလ် သည် သူ့ အစ်ကိုထံမှ ခရစ္စမတ်လက်ဆောင်အဖြစ် ကားတစ်စီးလက်ဆောင်

ရလိုက်သည်။

ခရစ္စမတ်အကြိုနေ့ မှာ သူ့ ရုံးခန်းမှထွက်လာတော့  လမ်းဘေးမှာကောင်

လေးတစ်ယောက်က တောက်ပသော သူ့ ကားသစ်ကြီးကို သဘောကျစွာ လှည့် 

ပတ်ကြည့် နေတာ မြင်ရသည်။ ကြည့် ရုံနဲ့  အားမရသေးဟန်ဖြင့်  ကောင်လေးက

မေးသည် ။

`` ဒါ အကို့ ကားလား `` တဲ့ ၊ ပေါလ်က ခေါင်းညိတ်ပြီး ...

`` အေးကွ.. ငါ့ အစ်ကိုက ခရစ္စမတ်လက်ဆောင် ပေးတာ ´´ ဆိုတော့ 

ကောင်လေးက အံ့ အားသင့် သွားပြီး ...

`` ဟာ... ခင်ဗျား အစ်ကိုက ခင်ဗျားကို အလကားပေးတာ ဟုတ်လား ၊ ခင်ဗျား

ပိုက်ဆံ တစ်ပြားမှမကုန်ဘူးပေါ့ ၊ ဟာဗျာ ... ကျွန်တော်သာ ဆုတောင်းလို့ ရရင်´´

ဆိုပြီး ဆက်မပြောတော့ ပဲ ကောင်းလေးရပ်နေသည် ။

ဆုတောင်းလို့ ရရင် ကောင်လေး ဘာဆုတောင်းမလဲဆိုတာ ပေါလ် တွေး

နေမိသည် ။ သူ့ မှာလည်း အဲဒီလို အစ်ကိုမျိုး တစ်ယောက် ရပါစေလို့  ဆုတောင်း

မှာပဲပေါ့  ။

သို့ သော် ကောင်လေးထံမှ နောက်ထပ်ကြားလိုက်ရသော စကားကြောင့်

ပေါလ် ကြက်သီးမွေးညင်း ထသွားသည်။

`` ကျွန်တော် အဲဒီလို အစ်ကိုမျိုး ဖြစ်ချင်လိုက်တာဗျာ ´´ တဲ့ 

ကောင်လေးကို အံ့ အားသင့် စွာ ငေးကြည့် နေမိသည်။ ထို့ နောက်မှ ရုတ်

တရက် ဘယ်လိုဖြစ်သွားသည်မသိ ။

`` မင်း ငါ့ ကားကို စီးကြည့် မလား ´´ ဟုမေးမိသည် ။

`` ဟုတ်ကဲ့  စီးချင်တာပေါ့ ခင်ဗျ ´´ အဲဒါနဲ့  ကားလိုက်စီးရင်း ခဏကြာတော့ 

ကောင်းလေးက .....

`` အစ်ကိုရေ ကျွန်တော်တို့ အိမ်ဘက် လှည့် မောင်းပေးလို့  ရမလားဗျ ´´

ဟုမေးသည်။ သူ့ မျက်လုံးတွေ တောက်ပနေတာကြည့် ပြီး ပေါလ် ပြုံးမိသည်။

ကောင်လေးစိတ်ထဲ ဘာရှိနေသလဲဟု သူထင်တွေးမိနေသည် ။ `` အင် သူ့ ကား

သစ်ကြီးစီးပြီး အိမ်ပြန်လာတာကို အိမ်နီးနားချင်းတွေကို ကြွားချင်ပုံပဲ ´´ ....။

ဟု ထင်မိရင်းက

`` ဟို လှေကားနှစ်ဆင့် နဲ့  အိမ်ရှေ့  ရပ်ပေးပါဗျာ ´´ ကောင်လေးက ဆိုသည် ။

လှေကားထစ်ပေါ် သူပြေးတက်သွားသည်။ ခဏကြာတော့  ပြန်လာနေသံ

ကြားနေရသည် ။ တက်သွားတုန်းကလို မမြန် ၊ သူက ကလေးတစ်ယောက်ကို ချီ

ယူလာချင်းဖြစ်သည် ။ ခြေမသန်သော သူ့ ညီလေး ၊

သူ့ ညီလေးကို အောက်ဆုံးလှေကားထစ်မှာ ထိုင်ခိုင်းပြီး သူ့ လက်တစ်

ဘက်က ညီလေးကို တင်းတင်းဖတ်ထားပြီး ကားကိုပြသည် ။

`` ဟောဒီမှာ တွေ့ လားညီလေး ၊ အပေါ်မှာတုန်းက ကိုကြီးပြောတာလေ ၊ဒါ သူ

အစ်ကိုကြီးက ခရစ္စမတ်လက်ဆောင်ပေးတာတဲ့  ၊ သူ့ ပိုက်ဆံ တစ်ပြားမှ မကုန်ဘူး

၊ နောက်ဆို အစ်ကိုကြီးလည်း ညီလေးကို ဒါမျိုးကားတစ်စီး ၀ယ်ပေးမယ် ၊ အဲဒီ

အခါကျတော့  ညီလေးကို အစ်ကိုကြီးပြောတဲ့  ခရစ္စမတ်အရောင်းဆိုင်တွေမှာ ပြ

ထားတဲ့  အလှအပ ပစ္စည်းမျိုးစုံတွေ ညီလေး လိုက်ကြည့် နိုင်တာပေါ့  ကွ ´´ တဲ့ 

သူက အားပါးတရ ပြောနေသည် ။

ပေါလ် ကားထဲကထွက်လာပြီး ခြေမသန်သော ကလေးငယ်ကိုချီကာ ၊

ကားရှေ့ ခန်းထဲထည့် သည် ။ အစ်ကိုလုပ်သူ ကောင်လေးက ၀မ်းသာအားရသူ့ 

ညီလေးဘေးမှာ ၀င်ထိုင်သည် ။

အဲသည့် နေ့ က သူတို့ သုံးယောက်လျှောက်လည်ကြသည် ။ အတွေ့ အကြုံ

မှာ သုံးယောက်လုံးအတွက် တစ်သက်မမေ့ နိုင်စရာဖြစ်ခဲ့ သည်။

အထူးသဖြင့်  ပေါလ်အဖို့  သင်ခန်းစာတစ်ခု မှတ်မှတ်သားသား ရခဲ့ သည်။

( ယူရခြင်း အရသာထက် ပေးရခြင်းကြောင့် ဖြစ်သော ၊ ပီတိက ပို၍ နှစ်သက်ဖွယ်

ချိုမြိန်လှ၏ ) ဟူသော အသိတရား ။ ။


Dan Clark ၏ A Brother Like That

ဖေမြင့်  - ဘာသာပြန်သည် ။
----------------------------------------------------------------



        ၁၂။ကောင်လေးနဲ့  ခွေးလေး


စတိုးဆိုင်ပိုင်ရှင်က ဆိုင်တံခါးဝမှာ ဆိုင်းဘုတ်အသစ်တစ်ခု ထပ်ချိတ်သည် ။

`` ခွေးပေါက်လေးများ ရောင်းရန်ရှိသည် ´´ တဲ့  ။

သည်ကြော်ငြာမျိုးကို ကလေးတွေ အလွန် စိတ်ဝင်စားသည် ။ သူတို့ က ခွေး

ချစ်တတ်သူများ မဟုတ်လား။ခဏအကြာမှာပင် ကလေးတစ်ယောက် ဆိုင်ပေါက်

ဝသို့ ရောက်လာသည် ။

`` ခွေးလေးတစ်ကောင် ဘယ်လောက်ရောင်းသလဲ ခင်ဗျ ´´ သူက မေးလိုက်သည် ။

`` ဒေါ်လာ ၃၀ ကနေ ၅၀ အထိ ဈေးအစားစား ရှိတယ် ´´ ဆိုင်ရှင်က ဖြေသည် ။

ကောင်လေးက သူ့ အိတ်ထဲမှာရှိသည့်  ပိုက်ဆံအကြွေတွေ နှိုက်ထုတ်သည်။

`` ကျွန်တော့်  မှာ ၂ ဒေါ်လာနဲ့  ၃၇ ဆင့် ရှိပါတယ် ၊ ခွေးလေးတွေကျွန်တော် ကြည့်

လို့  ရမလား ခင်ဗျ ´´

ဆိုင်ရှင်ကပြုံးသည်။ ထို့ နောက် ခွေးအိမ်ထဲမှာရှိနေသည်ခွေးမကြီးကို

လေချွန်ပြီးခေါ်လိုက်သည် ။ ခွေးမကြီးဆိုင်ခန်းထဲ ပြေးဝင်လာတော့

သူနောက်ကခွေးပေါက်ကလေးငါးကောင် တန်းဆီ၍လိုက်ပါလာသည် ။

ပိစိကွေးလေးတွေ အမွေးကသိပ်ရှည်တော့  တစ်ကိုယ်လုံးအမွှေးတွေဖုံးကာ

လုံးနေသည် ။ အဲသည့် အထဲမှတစ်ကောင်ကဟိုးနောက်မှာ ပြတ်ကျန်ခဲ့ သည် ။

ထော့ တီးထော့ နဲ့ နှင့်  လမ်းမလျှောက်တတ်သလို၊

ကောင်လေးက သည်ဟာလေးမြင်တော့  ချက်ချင်းစိတ်ဝင်စားသွားသည် ။

`` ဒီခွေးလေးက ဘာဖြစ်တာလဲ ဟင် ´´

ခွေးလေးမှာ မွေးကတည်းက တင်ပါးဆုံအရိုးခွက် ပါမလာသဖြင့် 

တစ်သက်လုံး ခြေထော့ နဲ့ ဖြစ်နေမည်ဟု တိရစ္ဆာန်ဆေးကု ဆရာဝန်က

ပြောဆိုသည့် အကြောင်းဆိုင်ရှင်က ရှင်းပြသည် ။

ကောင်လေး ပို၍ စိတ်ဝင်စားသွားသည် ။

`` ဒီခွေးလေးကို ကျွန်တော် ၀ယ်ချင်တယ်ဗျာ ´´ သူကဆိုသည် ။

`` ဟာ ... မ၀ယ်ပါနဲ့ ကွာ ၊ မင်းလိုချင်ရင် ငါ ပေးပါ့ မယ် ´´

သည်စကားကြားတော့  ကောင်လေး မျက်နှာပျက်သွားသည် ။

သူက မကျေနပ်သည့်  အမူအရာမျိုးနှင့်  ဆိုင်ရှင်ကိုမော့ ကြည့် ပြီး

ပြန်ပြောသည် ။

`` အလကားပေးတာ ကျွန်တော် မလိုချင်ဘူးခင်ဗျ ၊ ဒီခွေးလေးလဲ

ကျန်တဲ့ ခွေးတွေနဲ့ တန်ဖိုးရှိတာပဲ၊ တစ်ပြားသားမှ မလျှော့ ပါဘူး၊

ကျွန်တော် တန်ဖိုးအပြည့် ပဲ ပေးပါ့ မယ် ၊ ဒါပေမဲ့  ကျွန်တော့် မှာ

လောလောဆယ် ၂ ဒေါ်လာနဲ့  ၃ရ ဆင့် ပဲ ပါတယ် ...

အခုအဲဒါယူထားပါ။ နောက်ကို တစ်လ ဆင့် ငါးဆယ်ဆီကျေတဲ့  အထိ

ကျွန်တော်ဆက်ပေးပါ့ မယ် ´´

သို့ သော် ဆိုင်ရှင်က အလျှော့ မပေး ။

`` မ၀ယ်ပါနဲ့  ကလေးရယ်၊ နောက်ကျတော့ မင်းစိတ်ပျက်သွားလိမ့်မယ် ၊

ဒီခွေးလေးကပြေးနိုင်လွှားနိုင်မှာ မဟုတ်ဘူး ၊ မင်းနဲ့ ခုန်ပေါက်

ကစားနိုင်မှာ မဟုတ်ဘူး ´´

သည်အခါကျတော့ မှ ကောင်လေးက ဆိုင်ရှင်ကြီးကိုမော့ ကြည့် ကာ

သူ့ ဘောင်းဘီအောက်နားစကို လှန်ပြရင်း လေသံတိုးတိုးနှင့် ပြောသည် ။

`` ကျွန်တော်လည်း ကောင်းကောင်းမပြေးနိုင်ပါဘူးဗျာ ၊ ပါပီလေးခမြာမှာ

သူ့ ကို ကိုယ်ချင်းစာမယ့် လူတစ်ယောက်တော့  ရှိဖို့ လိုမှာပေါ့  ´´ တဲ့  ။

ကောင်လေး၏ ဘယ်ခြေထောက်ကလေးက အတော်ဆိုးဆိုးဝါးဝါး

ပင် သိမ်နေကောက်နေကာ လမ်းလျှောက်နိုင်ရန်အတွက် သတ္တုချုပ်တံများဖြင့်

့ အားဖြည့် ပေးထားရလေသည် ။

Dan Clare ၏ Puppies for Sale

ဖေမြင့် - ဘာသာပြန်ဆိုသည်။


No comments:

Post a Comment

ဒီစာမျက်နာကိုPrint ချင်ရင် နိုင်ငံတကာ ဖုန်း Dialing Code ရှာရန် နိုင်ငံတကာ ဒေါင်လာဈေးမေးရန် အမေရီကန် ဒေါင်လာ မှ တခြားနိုင်ငံ ငွေဈေးမေးရန်